ဇလွန်ဘုရား
ဇလွန်ဘုရားသွားတဲ့အကြောင်းကို သတိရမိလို့ ဓါတ်ပုံတွေပြန်ရှာပြီး တင်ဖြစ်ခဲ့တယ်.. စိန်ဝင်းနှင့်ရောင်းရင်းများအဖွဲ့ကားနဲ့ ကဆုန်လပြည့်နေ့ဆိုတော့ ကားပေါ်မှာလည်း လူအပြည့်ပဲ..မနက် ၆ နာရီမှာ ကား ၂ စီး ရန်ကင်းဈေးကွေ့မှတ်တိုင်နားက စထွက်တယ်.. မြေနီကုန်းမှာ တချို့ကိုတင်ခေါ်ပြီး တောက်လျှောက်မောင်းလာတာ ဧရာဝတီတိုင်းအဝင်က ဆားမလောက်မှာ နံနက်စာစားဖို့ ခဏနားပြီး ဆက်မောင်းတော့ ဓနုဖြူကို ၉:၃၀ လောက်မှာ ရောက်တယ်..လမ်းတလျှောက်လုံး အရမ်းလမ်းကြမ်း ဖုံလည်းထူ ပါတယ်.. ပြုပြင်ဆဲ နေရာတွေလည်း လုပ်နေဆဲပါ..မှန်လုံကားဖြစ်လို့ တော်သေးတယ်..ရန်ကုန်တိုင်းထဲမှ ထွက်ကတည်းက ပတ်ဝန်းကျင်က သိသာစွာ ပြောင်းလဲသွားတယ်..စိမ်းစိမ်းစိုစိုမြင်ကွင်းတွေ စပါးခင်းတွေ လယ်စောင့်တဲလေး ချောင်းထဲမှာ ကျွှဲဘဲတွေနဲ့တူတူရေကူးပြီး ပျော်နေတဲ့ ကလေးလေးတွေ..သူတို့ဘဝနဲ့ သူတို့ကတော့ အဆင်ပြေအောင် နေနေကြတာပါပဲ.. ဓနုဖြူကိုရောက်တော့ ကျိုက္ကလွန်ဗွန်းစေတီတော်ကို ဝင်ရောက်ဖူးကြတယ်.. ညောင်ရေသွန်းပွဲလည်း ကျင်းပနေချိန်ဆိုတော့ အဆင်သင့်ပဲ..







