အတူတူ…

အပြင်ကိုတချက် အငေး
ဆောင်းတဖန် ဝင်ပြီလို့
ဟစ်ကြွေးခါ မအော်
မြူတွေ ဆိုင်းလို့
သူ သရုပ်ဖော်……….
မြူတွေဝေတဲ့ ရွာအဝင်လမ်းကို ရော်
လိုက်မလား သူငယ်ချင်းရေ
အတူတူပေါ့………….
ဒီနေ့ညနေလေ ပထမဆုံးအကြိမ် ချင်ကျားပူမှာ မြူဆိုင်းတာ မြင်ဖူးတယ်..

အပြင်ကိုတချက် အငေး
ဆောင်းတဖန် ဝင်ပြီလို့
ဟစ်ကြွေးခါ မအော်
မြူတွေ ဆိုင်းလို့
သူ သရုပ်ဖော်……….
မြူတွေဝေတဲ့ ရွာအဝင်လမ်းကို ရော်
လိုက်မလား သူငယ်ချင်းရေ
အတူတူပေါ့………….
ဒီနေ့ညနေလေ ပထမဆုံးအကြိမ် ချင်ကျားပူမှာ မြူဆိုင်းတာ မြင်ဖူးတယ်..
တခါတုန်းက သားအဖ ၂ ယောက် ခရီးတခုကို သွားဖို့ပြင်ဆင်ကြတယ်.. သွားမဲ့လမ်းမှာ တောအုပ်တခုရှိပြီး တောအုပ်ထဲမှာ သူခိုးဓါးပြအုပ်စုက သူတို့ထုံးစံအတိုင်း သားအဖ ၂ယောက်လာရင် အဖေကိုဖမ်း သားကို ပိုက်ဆံပြန်ယူခိုင်း.. ဆရာ တပည့် ၂ ယောက်လာရင် ဆရာကို ဖမ်း တပည့်ကို ပိုက်ဆံရှာခိုင်းပါတယ်.. ဒီတော့ ဖခင်က သားကို ခရီးမထွက်ခင်” သူခိုးဓါးပြတွေနဲ့တွေ့ခဲ့ရင် မင်းနဲ့ငါ ဘာမှ မတော်ဘူးလို့ပြော ” လို့ မှာကြားတယ်..
တောအုပ်ကို ရောက်တဲ့အခါ ထင်တဲ့အတိုင်းပဲ သူခိုးဓါးပြတွေနဲ့ တွေ့တော့ ”သင်တို့ ၂ ယောက် ဘာတော်လဲ” လို့မေးရင်ပဲ ”ဘာမှမတော်ပါဘူး”လို့ ပြန်ဖြေတော့ လွတ်ငြိမ်းချမ်းသာခွင့်ရသတဲ့ကွယ်.. ဒီလိုနဲ့ ခရီးဆက်ထွက်ခဲ့ကြပြီး ညနေချမ်းမှာ နားကာ ရေချိုးကြတယ်.. ကိုယ် စိတ်နှလုံး ကြည်လင်တဲ့ သားက တနေ့တာ သူ့ရဲ့သီလကို ပြန်လည် ဆန်းစစ်တဲ့ အခါမှာ မနက်က မုသားပြောခဲ့တာကို ပြန်သတိရ သံဝေဂရပြီး ”ငါတော့ အပယ်ချခံရတော့မှာပဲ” လို့ဆိုပြီး ဝိပသာနာ အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါအရှင်မြတ် ဖြစ်သွားကာ ဖခင်ကို တရားဟောပြီး နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်.. (ငါးရာ့ငါးဆယ် ပါနီယဇာတ်)
ရေချိုးလိုက်လို့ တရားထူးရသွားတာ မဟုတ်ပါဘူး ပါရမီအထုံကြောင့် အထောက်အပံ့တခု ရသွားခြင်းပါ.. ရေချိုးထားလို့ စိတ် ရုပ်ကြည်လင်နေတဲ့ အတွက် တရားအားထုတ်ရတာ ပိုအဆင်ပြေသွားပါတယ်.. ညဏ်ပညာပွားများဖို့အတွက် ကိုယ်တွင်း ကိုယ်ပနှစ် ဌာနကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပါ.. ဆံပင် ခြေသည်းလက်သည်းတွေ ရှည်နေမယ် ကိုယ်ခန္ဓာမှာ ချွေး ကြေးတွေ အပူအပုပ် လေဆိုးတွေ ကပ်နေမယ်ဆိုရင် အတွင်းဝတ္ထု မသန့်ရှင်းတာပါ.. ကိုယ့် အဝတ်အစား စောင် အိပ်ယာ ခြင်ထောင် စာအုပ်တွေ ရှူပ်ပွ ဖွာလန်ကြဲနေမယ် အမှိုက်တွေ ရှိနေမယ်ဆိုရင် အပြင်ဝတ္ထု မသန့်ရှင်းတာပါ.. ကိုယ်တွင်း ကိုယ်ပ မသန့်ရှင်းဘူးဆိုရင် စိတ်ရှူပ်မယ် တဆင့် ညဏ်အမြင် မကြည်လင်တော့ဘူး နေရထိုင်ရတာလည်း မပျော်ရွှင်တော့ဘူးပေါ့ ..
ဒါ့ကြောင့် ရှင်းစရာ ရှိတာကို ရှင်း၊ လျှော်စရာ ရှိတာကို လျှော်၊ ညှပ်စရာ ရှိတာညှပ်၊ နေလှန်းစရာ ရှိတာကိုလှန်းပါ.. လေဆိုး အပူအပုပ်တွေ အတွက်လည်း နားလည်တဲ့ ဆရာဝန်တယောက်နဲ့ ပြသပြီး ဆေးစားကာ ကိုယ်ခန္ဓာ ပေါ့ပါးလန်းဆန်းအောင် လုပ်ရပါမယ်.. ကိုယ်တွင်း ကိုယ်ပ သန့်ရှင်းနေရင် စိတ်ကြည်လင်လာပြီး ညဏ်ပါ ကြည်လင် ထက်မြတ်လာပါလိမ့်မယ်.. တရားအားထုတ်တဲ့ ယောဂီ၊ အလုပ်လုပ်နေတဲ့သူ၊ စီးပွါးရှာနေတဲ့သူ၊ ကျောင်းသာကျောင်းသူများပါ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းအောင် ဂရုစိုက်နေထိုင် တတ်ရပါမယ်.. ရေချိုးထားရင် စိတ်က ကြည်ကြည်လင်လင် လန်းဆန်းနေလို့ ကျောင်းသားတယောက်ဟာ စာမကျက်ခင် ရေချိုးထားရင် စိတ်ကော ညဏ်ကော ကြည်လင်နေတာမို့လို့ စာကျက်လို့ ပိုကောင်းနေပါလိမ့်မယ်..
တကယ်လို့ စိတ်ညစ်လာပြီဆိုရင် အခန်းသန့်ရှင်းရေးလုပ်ပါ.. အိပ်ယာ စောင် ခြင်ထောင် ခေါင်းအုံးတွေကို အသစ်နဲ့လဲလိုက်ပါ.. ရေချိုးပြီး ကိုယ်နှစ်သက်တဲ့ လျှော်ပြီးသား အဝတ်လေးကို ဝတ်ပြီး လဲပြီးသား အိပ်ယာပေါ်မှာ သက်တောင့်သက်သာစွာနဲ့ ထိုင်လို့ ခါးကို ဖြောင့်ဖြောင့်မတ်မတ်ထားပြီး လက်အုပ်လေးချီ ငါးပါးသီလ ခံယူလိုက်ပါ.. မြတ်စွာဘုရား ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်.. ကိုယ်တိုင်ကြွလာတယ်လို့ စိတ်နှလုံးသွင်းထားပြီးရင် လက်အုပ်ချီတာလေးကို ချပြီး အရဟံဂုဏ်တော်ကို ငါးမိနစ်၊ဝိပသာနာကို ငါးမိနစ် အကယ်လို့ မိမိရတဲ့ ဂါထာရှိရင်လည်း ပွားများပါ.. ဒါဆိုရင် စိတ်ညစ်တာ သက်သာပြီး စိတ်ကြည်လင် လာပါလိမ့်မယ်.. စမ်းကြည့်စေချင်ပါတယ်..
စိတ်ညစ်တာကို ဒီအတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းလေးနဲ့ ဖြေဖျောက် ပယ်ပစ်လိုက်ဖို့ပါ.. ကိလေသာ မကင်းသရွေ့တော့ စိတ်ညစ်တာကတော့ ရှိနေဦးမှာပါဘဲ.. ရေချိုးလိုက်တာကတော့ သိပ်ပြီးမခက်လှပါဘူးနော်.. ဒီနည်းလေးကို အကျင့်အထုံလေးဖြစ်အောင် လိုက်ထားလိုက်ရင် အကျင့်ကနေ အမြဲစွဲသွားတာ များပါတယ်.. အကယ်လို့ ထွက်ပေါက်အနေနဲ့ အကုသိုလ် တခုခုကို လုပ်မိခဲ့ရင် မကောင်းတာဆိုတာ စွဲသွားရင် ဖြတ်ရခက်တတ်ပါတယ်.. တချို့က စိတ်ညစ်လာရင် ဖုန်းဆက်တတ်ပါတယ်.. အခြား တယောက်က ကိုယ့်အတွက် အကြံညဏ်ကောင်း ပေးခဲ့ရင်တော့ အတိုင်းအထက်အလွန် တော်ပါရဲ့ ( နောနော် သီချင်း မဟုတ်ပါ
) .. တကယ်လို့ တခြားသူက ”ဘယ်ဆိုင် ဘယ်ကလပ်ကို သွားလို့ ဘယ်လိုကဲကြမယ်.. လန်းသွားမယ် ” ဆိုရင်တော့ ဟုတ်ပြီ ကဲပါပြီတဲ့ ကဲနေတဲ့ အချိန်ပဲ သက်သာပြီး နောက်ပြန် စိတ်ညစ်လာမှာပါ..
စိတ်ညစ်ရင် ထွက်ပေါက်များစွာရှိတဲ့အနက်မှ ကောင်းတဲ့ထွက်ပေါက်လေးကို အလေ့အကျင့်လေးတခု အနေနဲ့ စွဲထားမယ်ဆိုရင် နောက်နောင် အထူးကြောင့်ကြစရာ မလိုတော့မှာ အမှန်ပါပဲ.. ဒါကြောင့် ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ.. စိတ်ချမ်းသာလာပါလိမ့်မယ်..
( ဆရာတော် ရဝေနွယ်-အင်းမ ရဲ့ ရေးသာမှူမှ ကောက်နုတ်ရေးသားချက်)
ကျွန်မ ဖတ်ဖို့နဲ့ မိတ်ဆွေ သူငယ်ချင်း မောင်နှမများ ဖတ်ဖြစ်ပြီး တခါလောက် လိုက်နာ ကျင့်သုံးဖြစ်ဖို့် ကျွန်မ တိုက်တွန်းချင်ပါတယ်ရှင်..
ဟိုးအရင် တခါက..
နင် ငါ့ဘေးမှာ ရှိတိုင်း ငါ့မျက်နှာလေးကို ငေးတတ်တဲ့ နင့်ကို လွမ်းတယ်..
ဘတ်စ်တူတူစီးတိုင်း မသိမသာနဲ့ ကာကွယ်တတ်တဲ့ နင့်ကို လွမ်းတယ်..
ငါ မသိအောင် ချောင်းကြည့်တတ်နဲ့ နင့်ကို လွမ်းတယ်..
ငါ ပါးကွက်လေးနဲ့ လိုက်တယ်လို့ တကြိမ်ပဲပြောခဲ့တဲ့ နင့်ကို လွမ်းတယ်..
ငါ့ကို အင်းလျားလမ်း ဘာဂါဆိုင်က ice coffee အမြဲဝယ်တိုက်တဲ့ နင့်ကို လွမ်းတယ်..
သီချင်းလက်ဆောင် cd ခွေ သေးသေးလေးတွေ ပေးတတ်တဲ့ နင့်ကို လွမ်းတယ်..
Mashimaro အရုပ်လေးရယ် ချောကလက်လေးတခုပဲ ပေးဖူးတဲ့ နေ့လေးကို လွမ်းတယ်..
ငါ Mashimaro အရုပ်လေးတွေကို ကြိုက်တယ်ပြောတော့ နောက်နေ့ ရှာပြီး cd နဲ့ကူးလာပေးတဲ့ နင့်ကို လွမ်းတယ်..
ငါ နင့်ကို စိတ်ဆိုးနေလို့ နင်မချော့တတ်တော့ဘူးဆိုရင်


1. You share your birthday with at least 9 million other people in the world.
2. Sri Lanka has the world’s highest numver of public holidays. Good
ပြောင်းကြစို့
3. The average person has over 1460 dreams a year.
4. The $ sign was designed in 1788 by Oliver Pollock. ဘိုးတော်ဘုရား လေးဖက်သွား ခေတ်ကပေါ့
5. A 30 mins cartoon may contain over 18000 separate drawings.
6. China was the first country to use paper money.
7. The average American will eat 35000 cookies in his / her lifetime.
8. Honeybees have hair on their eyes.
9. Our eyes are always the same size from birth.
10. You use an average of 17 muscles for a smile.
11. Men loose about 40 hairs a day. Women loose about 70 hairs a day.
12. Everyday 200 million couples make love, 400 000 babies are born and 140 000 people die.
13. The Olympic silver medal is made of 92.5% silver.
14. The Olympic gold medal must contain at least 6 grams of gold.
15. The total amount of skin covering an adult human weighs 6 lbs.
16. You’ re born with 300 bones, but when you get to be an adult, you only have 206.
17. Men’s shirts have the buttons on the right, but women’s shirts have the buttons on the left.
18. A human heart beats 100 000 times a day.
တောင်းပန်လွှာ။ ။ အအေးပတ်ပြီး ဖျားနေလို့ အသစ်မတင်နိုင်တာပါ.. အားလုံးက e တော်ပြီးသားဆိုတာ သိလို့ မြန်မာလို ပြန်မရေးတော့ဘူးနော်..
အဟီး အချောင်ခိုတာ.. လာလည်သူများ ကျန်းမာပျော်ရွှင်ကြပါစေရှင်..
အိမ်ကြီးရှင် အိမ်ဦးနတ်က သူ့စိတ်ကြိုက် ဒီဇိုင်းကိုပြောင်းကာ လက်ကလိနေပါတယ်.. ကြည့်ရတာ အဆင်ပြေမှု့ရှိမရှိလေးကို မှတ်ချက်ရေးပေးစေလိုပါတယ်.. ကျေးဇူး
နေ့စဉ်ပြုံးရွှင် လှရုပ်သွင် အစဉ်ခန့်ထည်တင့်
၇ပုံ ၈ပုံ ဝရုံစား အလွယ်တကူ “အို“မသွား
လူချင်းဆုံလျှင် အတိတ်ဖြစ်အင် ပြန်မြင်မပြောနှင့်
ပကာသနကင်း တည်ငြိမ်ခြင်း စွမ်းရင်းထက်ဆေးဝါး
ဒီလင်္ကာလေးအတိုင်း စားသောက်နေထိုင်သွားမယ် ဆိုရင် ရှိသမျှရောဂါတွေလည်း လျော့နည်းသွားမယ်.. ငွေကုန်ကြေးကျလည်း များမှာ မဟုတ်ပါဘူးရှင်..
“အကောင်းဆုံး ဆရာဝန်ဟာ မိမိကိုယ်တိုင်ပဲ” ဆိုတဲ့ စကားတခွန်းဟာ ရောဂါကာကွယ်ရေးနဲ့ ပက်သက်လာရင် အတိုင်းအတာတခုထိ အကျိုးသက်ရောက်မှူရှိပါတယ်.. ငါသိငါတတ်လုပ်ပြီး ရမ်းကုဖြစ်သွားရင်တော့ အကျိုးနဲဖြစ်တော့မှာ အမှန်ပါပဲ.. ကျန်းမာရေးကို ဗဟိုပြုတဲ့ စာကြောင်းငယ် ၄ ကြောင်းက
၁. အဓိကအချက် (၁)ခုထဲ
၂. အနည်းငယ် (၂)မျိုး
၃. အကျင့်မြတ် (၃)ပါး
၎. သတိပြုမည် (၄) နှစ်လီ
အကျယ်ကတော့ - အဓိက အချက် (၁) ကျန်းမာရေးကို ဗဟိုပြုရပါမယ်.. ချို့တဲ့ခဲ့ရင် ဘာမှလုပ်လို့မရတော့ပါဘူး.. ဆုံးရှုးံကုန်ပြီ.. အနည်းငယ်(၂)မျိုး ကတော့ အနည်းငယ်“ကြောင်”ချင်ယောင်၊ “အ”ချင်ယောင်ဆောင်ပေးရပါမယ်.. အသေးအဖွဲ ကိစ္စတွေမှာ “အ”ချင်ယောင်ဆောင်ပေမယ့် ခေါင်းထဲမှာ ရှင်းရှင်း လင်းလင်း သိပြီးသား.. မသိကျိုးကျွန်လုပ်နေတာ အသေးအဖွဲတွေကို ကတ်တီးကပ်ဖဲ့လုပ်နေရင် တနေကုန်တနေခန်း သေးနုပ်တဲ့အလုပ်တွေနဲ့ပဲ နပန်းလုံးရတာကမှ လူနုံလူအတွေပါ.. (၂) အနည်းငယ် “စိတ်ပေါ့ပါး”ပြီး လွတ်လွတ်လပ်လပ်နေပါ.. အရာရာကို ဂုဏ်သိက္ခာတွေ ငဲ့လွန်းပြီး မိမိဝါသနာပါတာတွေကို မလုပ်ဘဲ ချူပ်တည်းမနေသင့်ပါဘူး.. စတိုင်ကျကျ နဲ့ သဘောထားကြီးမြင့်နေသင့်ပါတယ်.. မြင့်တဲ့နေရာမှာ ရပ်တော့ ဝေးဝေးကို မြင်တာပေါ့နော.. အကျင့်မြတ် (၃)ပါးက - သူတပါးကို ကူညီရတဲ့ ပျော်ရွှင်မှူ - တင်းတိမ်ရောင့်ရဲခြင်းရဲ့ ပျော်ရွှင်မှူ -လောကဓံတရားကို ခံနိုင်ခြင်းရဲ့ ပျော်ရွှင်မှူ ဆိုတာ ထာဝစဉ် ပျော်ရွှင်နိုင်တဲ့ အကျင့်မြတ် ၃ပါးပဲ ဖြစ်ပါတယ်.. သတိပြုမည် (၄) နှစ်လီဆိုတာ ပထမတမျိုးက (၁).ကျန်းမာရေး အခြေခံအုတ်မြစ်ကြီး ၄ ခုဖြစ်တဲ့ - နည်းလမ်းကျကျ စားသောက်ပါ - တော်သင့်တဲ့ အားကစားလုပ်ပါ - ဆေးလိပ်ဖြတ် အရက်လျှော့ပါ “ လုံးဝမသောက်နဲ့လို့ ပြောမထားပါဘူးး) ” - စိတ်နေသဘောထားမျှတပါ… ဒုတိယတမျိုးက အကောင်းဆုံး ၄ မျိုးဖြစ်တဲ့ - အကောင်းဆုံးဆရာဝန်ဟာ မိမိကိုယ်တိုင်ပဲ - အကောင်းဆုံးဆေးဟာ အချိန်ပဲ - အကောင်းဆုံး စိတ်နေစိတ်ထားဟာ တည်ငြိမ်မှူပဲ - အကောင်းဆုံး အားကစားဟာ လမ်းလျှောက်ခြင်းပါပဲ ( အတင်းအကျပ်မဟုတ်ပေမဲ့ ကြိုးစားပြီး လမ်းလျှောက်သင့်ပါတယ် )..
ဒီအချက်တွေသာ လိုက်နာကျင့်သုံးမယ်ဆိုရင် ငွေကြေးကုန်ကျမှူမရှိဘဲ လူတိုင်းလူတိုင်း ကျန်းမာစွာနဲ့ အသက် ရ၀ ၈၀ ကျော်ထိ နေရမယ်ဆိုတာ အိမ်မက်မဟုတ်ပါဘူး.. နေ့စဉ် နေ့တိုင်း ကျန်းမာရေးရဲ့ အရသာကို ချမ်းသာစွာ ခံစားကြရပါမယ်ရှင်..
မှတ်ချက်။ ။ မေကဆုန်ဖတ်နေတဲ့ ကျန်းကျန်းမာမာ အသက် ၁၀၀ စာအုပ်နဲ့ အစားအစာဖြင့် ကာကွယ်ရေး လမ်းညွှန်စာအုပ်မှ ဗဟုသုတရစေရန် ရေးသားထားတာပါ.. အိမ်ဦးနတ်ရဲ့ ကျန်းမာရေးနဲ့ ပက်သက်တာတွေ ရှာဖတ်ဖြစ်နေလို့ ခုတလောလေး ကျန်းမာရေးနဲ့ ပက်သက်တဲ့ ပို့စ်တွေ ဖြစ်ဖို့များ မယ်ထင်ပါတယ်း)
မနက်ကျောင်းမသွားခင် gtalk လေးခိုးဝင်ပါတယ်.. ကိုဂျူလိုင်ကြီးက အမိဖမ်းပြီး ရေးခိုင်းပါတော့တယ်.. ရေးခိုင်းထားတာတောင် ၁ ပတ်လောက်ရှိတော့မယ်.. ဟွင်း သူလည်း သူများရေးခိုင်းထားတာ ရေးပေးသေးဘူးလေ.. လွမ်းလို့ကောင်းတုန်းမို့လို့ သနားလို့ အကြွေးမတောင်း လွှတ်ပေးထားတာနော်.. ကိုဂျူလိုင်ကြီး တယောက် အလွမ်းပျောက်လို့ အိမ်ပေါ်မိန်းမရောက်ပါစေ..
ကဲ.. စရေးပြီနော်..
တွေးနေမိတာက . . . .
” အစုံပဲ.. ရှေးဖြစ် နောက်ဖြစ် ခုဖြစ် တော်ကြာဖြစ်မယ့်ဟာ အားလုံးပဲ”
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက . . . .
” အသုံးကျဖို့ တော်တော်လိုသေးတယ်”
ကျန်းမာရေး . . . .
” ကိုယ့်ကျန်းမာရေးထက် အိမ်ဦးနတ် ကျန်းမာရေးကို ပိုဂရုစိုက်နေရတယ်.. ရောဂါဖြစ်ချင်ရင်တောင် ခဏအောင့်ထားရတယ်ကွယ်”
ဖတ်ဖြစ်တဲ့ စာအုပ် . . . .
”ကိုညီမောင်ပို့ပေးထားတဲ့ အကြည်တော်ရဲ့ ကလေးလက်ရေး၊ ဒဂုံရွှေမျှားရဲ့ စုံထောက်ဇာတ်လမ်းများ၊ နီကိုရဲ ရဲ့ ဘာကြီးလဲ ………….. ”
ရောက်နေဖြစ်တာက . . . .
”လယ်ထဲ (ကောက်ရိတ်တယ် မြက်နှူတ်ပေါင်းသင် ကျီးမောင်း သူရင်းငှား လယ်အငှားရိတ်တယ် အသီးခူးပေးတယ်)
မှတ်ချက်။ ။ အဖေက လယ်တွေခြံတွေ အမွေအဖြစ် ဝယ်မပေးတော့ facebook မှာပဲ လယ်သေဌေးလုပ်နေတယ် ”
ရေးဖြစ်နေတာက . . . .
” ဘောပင်နဲ့ ဂဏန်းပေါင်းစက်ကိုင်လို့ ကျောင်းကတွက်ခိုင်းတဲ့ အိမ်စာ.. မပြီးသေးလို့ ဆရာမကို ပြုံး ပြုံးပြနေရတာလည်း များပြီ
”
နားထောင်ဖြစ်နေတာ . . . .
”မနက်တိုင်း ပရိတ်တရားတော်ကို သတိထားပြီး နာဖြစ်တယ်.. ( သိပ်အထင်မကြီးနဲ့နော် ) တအိမ်လုံး ကျန်းမာရေး ချူချာနေလို့ပါ .. ”
ရွတ်မိနေတဲ့ကဗျာ . . . .
” စပါးဝါရွှေဝင်းပါစေ.. ပန်းတွေသင်းပါစေ.. ငှက်ကလေးတွေ မိုးတိမ်ကြား ပျံနိုင်ကြစေသား.. နေရောင်ခြည်လည်း နွေးပါစေ.. လေလည်း အေးပါစေ.. ချစ်မိတ်ဆွေ ပေါင်းဖော်များ ကျန်းမာကြစေသား .. ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း .. ”
more…
အိမ်ပြန်ချင်ပေမယ့်မပြီးဆုံးတမ်းအိမ်မက်ရှည်တွေနဲ…. စတဲ့ သီချင်းလေးကို ဦးထူးအိမ်သင်ရဲ့ သီချင်းတွေထဲက တပုဒ်ပါ.. တော်တော်လေးကို ကြိုက်မိပါတယ်..
ငယ်ငယ်က မီးပျက်တော့ လသာသာ ခြံထဲမှာ ဆင်းဆော့ကြရင်း ကြယ်တွေကို ရေတွက် သူတို့အကြောင်းလေးတွေကို ပြောပြတဲ့ အဘွားကိုလည်း အရမ်းလွမ်းတယ်.. ခုနှစ်စင်ကြယ် မောင်ရင်ဆိုင်းထမ်းကြယ် ဓူဝံကြယ် ကြယ်နီ စသည်ဖြင့် မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေကိုလည်း လွမ်းတယ်.. အိမ်နီးနားချင်း ကလေးပေါင်းစုံနဲ့ ထုပ်စီးထိုးတန်း၊ ရေလားကုန်းလား၊ မျက်စိမှိတ်တမ်း၊ အရူးမကြီးမစာဥ၊ ပြေးတမ်းလိုက်တမ်း ကစားနည်းမျိုးစုံအပြင် ညဘက်မှ လာရောင်းတတ်တဲ့ ပြောင်းဖူးပြုတ်သည်၊ မုန့်ဖတ်ထုပ်သည်တွေကို စောင့်လေ့ရှိတယ်လေ.. အဲလို ခံစားမှုမျိုးကို မြို့ကြီးပြကြီးမှာ နေခဲ့ရတဲ့သူတွေက သိပ်ခံစားဖူးမှာ မဟုတ်လောက်ဘူး..
ဘာပဲဖြစ်ဖြစ် သီချင်းနဲ့ပဲ ကြယ်တွေစုံတဲ့ညလေးကို ဖြတ်သန်းကြပါစို့
လာလည်သူများ အပျင်းလည်းပြေ စိတ်လည်းရွှင်အောင် မေးကြည့် ဖြေကြည့် အဖြေညှိရအောင်.. အောက်က မြန်မာနိုင်ငံမှာ ရှိတဲ့မြို့လေးတွေကို သိရင် ဖြေပေးကြပါ
(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့ မြစ်သားမြို့
(၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့ ၀က်လက်မြို့
(၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့ ၀မ်းတွင်းမြို့
(၄)လူကြီးမဖြစ်သေးတဲ့မြို့ ကလေးမြို့
(၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့ မင်းကင်းမြို့
(၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့ ကြံခင်းမြို့
(၇)ဆင်တွေကတဲ့မြို့ ကျောက်ဆည်မြို့
(၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့ ရေးမြို့
(၉)စိုစိုပြည်ပြည်မရှိတဲ့မြို့ ချောက်မြို့
(၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့ ခင်ဦးမြို့
(၁၁)ဖားကောက်ခိုင်းတဲ့မြို့ မိတ္ထီလာမြို့
(၁၂)လေဘေးထည်မြို့ ဖျာပုံမြို့
(၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့ ၀ါးခယ်မမြို့
(၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး…ဆိုတဲ့မြို့ သပိတ်ကျင်းမြို့
(၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော… ဒလမြို့
(၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့… အဲ့ဒီမြို့ ထီးချိုင့်မြို့
(၁၇)အဲ့ဒီမြို့က ရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့. မိုးကောင်းမြို့
အဖြေက ရှိပြီးသားနော… အဖြူရောင်ဖြစ်နေလို့ပါကွယ်
မေးခွန်းရဲ့ ဘေးမှာပါ.. ဘယ်နှစ်ခု မှန်သလဲ..
ပျော်ရွှင်ကြပါစေရှင်
ဒီသီချင်းလေးကို မနှစ်က ရန်ကုန်မှာ ရှိတဲ့အချိန်မှာ အင်တာနက်သုံးနေတုန်း သူငယ်ချင်းက အတင်းနားထောင်ခိုင်းလို့ နားထောင်မိရင်း ကြိုက်သွားရာကနေ ဖုန်းringtone အဖြစ်ပါ သုံးမိသွားပါတယ်.. ဟန်းဆက်ပြောင်းဖြစ်လည်း မမေ့မရော့ ထည့်ပြီး ဖုန်းသံအဖြစ် ထားပါတယ်.. မေကဆုန့် ကိုကိုလည်း အရမ်းကြိုက်ပါတယ်ရှင်.. သီချင်းက ဂျပန်သီချင်းပါ.. နားမလည်ပေမဲ့ ဂျပန်လို နားထောင်ရတာ အရမ်းကောင်းပါတယ်.. သီချင်းစာသားကိုတော့ အင်္ဂလိပ်လို ဖော်ပြထားပါတယ်… မြန်မာလိုတော့ ရေးတော့ဘူးနော်.. အားလုံးက e တော်ပြီးသား ဆိုတာ သိပြီးသားနော.. ဘာသာပြန်လိုက်ရင် သီချင်းပျက်သွားမှာ စိုးလို့..
မေကဆုန်တို့ ငါးတန်းကျောင်းသူဘဝတုန်းက တခါနေကြတ်တာကို ကြုံဖူးပါတယ်.. စာသင်နေရင်း ရုတ်တရက် အမှောင်ကျသွားပြီး အားလုံးလန့်သွားတာပေါ့ .. နောက်နေကြတ်တာကို သတိရပြီး အပြင်ကို ထွက်ကြည့်ကြပါတယ်.. ထူးဆန်းတာက မှောင်ရင်အိပ်သွားတတ်တဲ့ ထိခရုန်းလို အပင်လေးတွေကလည်း အရွက်တွေကို သိမ်းလို့ အိပ်ဖို့ ကြိုးစားတော့တယ်.. နေကြတ်ချိန်တော်တော်လေး ကြာပါတယ်.. နေလုံးကို တိုက်ရိုက်မကြည့်ဖို့ ဆရာမတွေက သတိပေးပါတယ်.. မျက်စိပျက်တတ် တယ်လို့ပြောပြပါတယ်ရှင်..
ဒီနေ့ Chongqing ပြည်နယ်မှာ နေကြတ်သွားပုံ အဆင့်ဆင့်ကို ဓါတ်ပုံရလို့ မြင်ဖူးတယ်ရှိအောင် ဘလော့ဂ်မှာ တင်ပေးလိုက်ပါတယ်.. မေးလ်ပို့ပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်ရှင်..
| မနက် ရ နာရီ ၁၅ မိနစ် |
|
| မနက် ရ နာရီ ၃၀ မိနစ် |
![]() |