15
Jan
သင်သေသွားသော်
သြော်… လူ့ပြည်လောက လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့်၊၊
သို့ပြီးတကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏၊၊
သင်ဦးချရွေ့ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ညဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း…
(ဆရာဇော်ဂျီ)
ဆရာ့ ကဗျာ လေးတွေ က အသက်ဝင် ပြီး အနှစ်ပါတယ်နော်..
January 18th, 2010 at 4:58 amပျော်ပါစေ ညီမရေ
အစ်မရေ…ကဗျာလေးက အရမ်းကောင်းတာဘဲ…
April 15th, 2010 at 6:21 pmအားလုံးသတိထားသင့်တဲ့အရာလေးပါ..ကူးသွားတယ်နော်..
လာလည်ပါဦးအစ်မ..