14
Oct
(ရန်ကုန်) အင်းလျား ဘူးသီးကြော် ရပါပြီရှင်….
ဒီနေ့ ကျောင်းကပြန်တာ စောတာနဲ့ cityhall ဝင်ဈေးဝယ် bedok ကိုသွား ထပ်ဈေးဝယ်ပြီး အိမ်ရောက်တဲ့ သကာလမှာ ဘူးသီးကြော် ကြော်စားဖြစ်တယ်လေ… စားချင်သွားတဲ့ အကြောင်းရင်းလေးလည်း ပြောပြဦးမယ်နော်.. မနေ့က burmeseclassic မှာ connection က အရမ်းကောင်းနေတာနဲ့ ” ရပ်ကွက်ထဲမှာ” ဆိုတဲ့ ဇာတ်ကား ကြည့်ရော… နိုင်းနိုင်းနဲ့ ခိုင်သင်းကြည်.. ဇာတ်လမ်းရဲ့ အဓိက နေရာက ချစ်စုမ(ခိုင်သင်းကြည်) ရဲ့ အကြော်တဲ.. အကြော်လာစားကြရင်း အတင်းပေါင်းစုံ ပြသာနာပေါင်းစုံနဲ့ ရယ်စရာ ဇာတ်လမ်းလေးပါ.. ကြည့်ရင်းနဲ့ သူတို့ စားတဲ့ ဗူးသီးကြော် ဆလတ်ရွက် အချဉ်ရေ … ကြည့်ရင်း ကြည့်ရင်းနဲ့ အရမ်းကို စားချင်လာတာလေ.. မေကဆုန် တယောက်တည်း စားချင်နေတာလားဆိုတော့ မဟုတ်.. အိမ်ဦးနတ်ကပါ စားချင်လို့ ပါးစပ်တပြင်ပြင် ဖြစ်နေပြီ..း)
.
အဲဒါနဲ့ ဒီနေ့ ဈေးဝယ်ပြီး ကြော်စားဖြစ်တယ်ပေါ့… ဒီလိုလေး စလှီးပါပြီ..
.
.
ယိုးဒယားမယ် အကြော်မှူန့်နဲ့ ရောနယ်
.
.
ဆလပ်ရွက် ( မေကဆုန်တို့ ၂ ယောက် တယောက် ၁ ဆိုင်ဆီက ဝယ်လာတာ တလွဲကြီး.. မုန်ညင်းဖြူတွေ..းD နောက်ဆုံး ဘေးအခန်းဖော် အစ်မကို မှာလိုက်မှ ဆလပ်ရွက် ရလာတယ် )
.
.
ဒါက အချဉ်ရေ.. ငရုတ်သီးစိမ်းထောင်း ငရုတ်သီးမှုန့် ဂျင်း ကြက်သွန်ဖြူ ၂ တက်ကို ရောထောင်း.. ငံပြာရည် သကြားအနည်းငယ် ထည့်.. ပြီးတော့ မကျည်းသီးမှည့်ရည် ထပ်ထည့်.. သမအောင်မွှေလိုက်ရင် အရသာရှိတဲ့ အချဉ်ရေလေးရပါပြီရှင်..
.
.
ကဲ စကြော်မယ်နော်… ညှော်ဗျို့ ညှော် ညှော်..
.
.
ကြော်ပြီးလို့ ဆီစစ်ထားတယ်.. ခဏနေ စားလို့ရပြီနော်..
.
.
စတင် စားလို့ရပါပြီရှင်.. အားမနာတမ်း သုံးဆောင်နိုင်ပါတယ်.. လိုရင် ထပ်ကြော်ကြွေးမယ်နော်..
.
.
.
.
.
မမဝါ၊ မမမိုးကောင်းသူ၊ နေခြည်နဲ့ မမပြာ တို့ကို အားကျပြီး တင်လိုက်တာပါ..
( မကြီးရောင် စိတ်ညစ်တာတွေ အကုန်ပျောက်သွားအောင် အဝစားနော်)
:D
19 Comments
  • ၀ါဝါခိုင်မင်း Said:
    ၀ိုးးးးးးးး ရှယ်ဘူးသီးကြော်ပါလား ညီမလေးရ.
    စားချင်လိုက်တာ သွားရည်တောင်ကျသွားပြီ..တကယ်.
    မမက ဘူးသီးကြော်စားချင်နေတာ..ဒီမှာဘူးသီး ၀ယ်မရဘူး
    ရယ်လေ. ရှားတယ်. ဂလု
    တစ်ပန်းကန်လုံးမသွားမလို့ ရောင့်ကိုသနားလို့ ၁ ချောင်းချန်
    သွားတယ်နော်။ :D :P
  • kiki Said:
    မဝါချန်ထားတဲ့ တချောင်း .. ဆာလို့  စားပလိုက်တယ် ..ဟိဟိ
    မရောင်အတွက် အသစ် ထပ်ကြော်ပေးလိုက်နော် …
  • ကိုလူထွေး Said:
    ဟင် အချဉ်ရည်နဲ့ ဆလပ်ရွက်ပဲ ရှိပါတော့လား…
းဝ)
  • နွေးနေခြည် Said:
    အားးးးးးးးးးးးးးးး
    စားချင်လိုက်တာ…
    ခေါ်တော့မခေါ်ဘူး… ဟွန့်
  • သံလွင်ဟီးရိုး Said:
    ဘူးတီးကြော် ချားချင်တယ်ဂျ…
    ခုဗိုက်ဗိုက်က ဆာနေတော့ ပိုဆိုး…ဂဝီ ဂဝီ ဂဝီ
    မြည်နေပြီ
  • နှင်းဆီပန်းချစ်တဲ့ကောင်မလေး Said:
    အိမ်သိသွားပြီ
    တကယ်လာစားမယ်
    ဒါဗြဲ
  • july Dream Said:
    လက်ရာကတော့ ရှယ်ပဲ… အတော် စားကောင်းမယ့်ပုံပဲ။ အချဉ်ရည် ကြိုက်တတ်တဲ့သူဆိုတော့ အခု လုပ်ထားတဲ့ အချဉ်ရည်ကို သဘောကျမိတယ်။
    အဲဒီလို လုပ်တတ်မယ်လို့ကို ထင်ကို မထင်ထားတာ။ တကယ် တကယ်… လုံးဝကို မထင်ထားမိဘူး။ အဟက်… =)
  • အနမ်း Said:
    စားချင်စရာကြီး ။ ဘူးသီးအမြန်ဝယ်ပြီး ကြော်စားမှထင်တယ်။ အချဉ်ရေလေးကလည်း သရေကျချင်စရာ…
    အပေါ်က လူ၇ယောက်လာသွားပြီဆိုတော့ ကုန်ရောပေါ့ နော်း))
  • မိုးခါး Said:
    ဒါတော့ ကောင်းဘူးကွာ .. တကယ်ခေါ်ကျွေးရင် ရရဲ့သားနဲ့း(
    ခုတော့ ပုံပဲ ကြည့်ရဒယ်
    ကျေနပ်ဘူးးးးးးးးးးးးးးးးးး
    ထော်ဘူးးးးးးးးးးးးးးးးးးးးးးးး
    ဒါပဲ
    :P
  • နှင်းစက် Said:
    မဝါရေ ဘူးသီးကြော်အကြောင်းတော့မပြေားပါနဲ့ဂျာ………ဘာမှမသိလို့ပါ…ဂျာ…..ဂီးဂီးဒန်ဒန် ချန်းချန်း….အား……..
    ညားတယ်ညားတယ် ဘိညာတယ်…
  • MaBayDar Said:
    ချက်တဲ့သူကလဲ အချက်ကောင်း.. ဓာတ်ပုံရိုက်တဲ့သူကလဲ အရိုက်ကောင်း.. ကင်မရာလဲ ကောင်းပုံရတယ်… ဘူးသီးကြော်မကြိုက်တဲ့ မဗေဒါတောင် စားချင်လာပြီ…
  • အောင်ဆန်မင်း Said:
    အော်ရန်ကုန်မရောက်တာကြာတော့စားခြင်တာပေါ့
  • အောင်ဆန်မင်း Said:
    ပြန်ရောက်မှအဝစားမယ်နော်
  • AUNG SAN MIN Said:
    နှစ်တွေလတွေကြာခဲ့ပေမဲ့ဘူးသီးကျော်ကိုမမေ့သေပါဘူ။အင်လျာကန်ဘောင်ရိုလေကိုအမြဲသတိရနေမှာပါ
  • AUNG SAN Said:
    ပဲခူးကစံမတူဘိန်မုင်ကိုလဲစားဖူကြလားမစားဘူရင်မှာစားအရမ်ကောင်တယ်…ရွှေမှော်ဓောဘုရားလမ်မှာရှိတယ်
  • AUNG SAN Said:
    ကျွန်တော်အဲသယ်ပေါတယ်အားလုံးစုပြီလာစားမှာ
  • AUNG SAN Said:
    ဒါပေမဲ့အကျွေးနော်၊အကျွေးရောင်လား…….မရရင်လူသိမ်ထာလိုက်…စပွဲထိုလုပ်ပေးမလိုပါဗျာ..
  • ko zin Said:
    ရန်ကုန်ရောက်မှမြို့အနှံလိုက်လည်းမယ်မေသက်ခိုင်နဲ့ အတူတူဘူသီးကျော်အဝစားမယ်
  •ုpe tone san Said:
    ရန်ကုန်ရောက်မှမြို့အနှံလိုက်လည်းမယ်မေသက်ခိုင်နဲ့ အတူတူဘူသီးကျော်အဝစားမယ်စားချင်လိုက်တာ သွားရည်တောင်ကျသွားပြီ
LEAVE A COMMENT
Comments RSS Feed   TrackBack URL