Sembawang Beach
Monday ပိတ်ရက်တုန်းက အစ်မတွေနေတဲ့ Sembawang သွားလည်တော့ ညနေဘက် ဘယ်ကိုခြေရှည်ရရင် ကောင်းမလဲလို့ စဉ်းစားတော့ မမက beach ကိုသွားမလားတဲ့… ဒီနားဘယ်ရှိမတုန်းဆိုတော့ မဝေးဘူး bus စီးသွားရုံပဲတဲ့… အို ကြာသလားလို့ ဂူးဂဲလ်မှာ ရှာလိုက်တော့ တွေ့ပါပြီ.. bus interchange ထဲကနေ 882 ကိုစီးလိုက်ရင် ၉ မှတ်တိုင်မြောက်ဆို ရောက်ပြီတဲ့.. ပြထားတဲ့ ပုံလေးတွေကလည်း လှတော့ ချက်ချင်း သွားဖြစ်သွားတယ်လေ… ဘတ်စ်ကားက မိနစ် ၂၀ ကို ၁စီးလောက်ရှိပါတယ်.. shuttle သဘောမျိုးပါ.. Sembawang mrt ကနေ ကမ်းခြေကို ၁၅ မိနစ်လောက်ပဲ ကြာပါတယ်..
မေကဆုန် ရိုက်လာတဲ့ ပုံလေးတွေကို တူတူကြည့်ကြမယ်နော်..
ကမ်းခြေတလျှောက် လေအေးလေး တဖြူးဖြူးနဲ့ အနားယူပြီးရင်တော့ Sembawang Park ထဲမှာ အလှဓါတ်ပုံရိုက်၊ လမ်းလျှောက် လေ့ကျင့်ခန်းလုပ်၊ စက်ဘီးစီး စတဲ့ နှစ်သက်ရာကိုလည်း ရွေးချယ်နိုင်ပါတယ်ရှင်.. ဓါတ်ပုံရိုက်ချင်သူတွေအတွက် မြက်ခင်းကျယ်၊ အပင်ကြီးတွေ လမ်းတွေနဲ့ ထိုင်ခုံလေးတွေကတော့ တကယ်ကို အုပ်အုပ်ဆိုင်းဆိုင်းနဲ့ လှပါတယ်..
East Coast ကို အရမ်းကြိုက်လို့ သွားချင်ပြီး နဲနဲဝေးလို့ မရောက်ဖြစ်ရင် အနီးစပ်ဆုံး Beach ( အနီရောင်လိုင်းမှာ နေတဲ့ သူငယ်ချင်းများအတွက်) ကို သွားရောက် အနားယူနိုင်ပါတယ်.. တကယ်လို့ အသေးစိတ် အချက်အလက်တွေကို ဖတ်ချင်ရင်တော့
ဒီမှာ ကလစ်နှိပ်ကြည့်လိုက်နော်..
ပျော်ရွှင် ချမ်းမြေ့ကြပါစေရှင်..
အစ်မရေ…တစ်ခါမှတော့ အဲဒီဘက်ကိုမရောက်ဖူးသေးဘူးဗျ
September 24th, 2009 at 11:05 amအခုလိုဓာတ်ပုံတွေအများကြီးကြည့်လိုက်ရတော့
ကိုယ်တိုင်ရောက်သွားသလိုပဲ…ကျေးဇူး
အင်း ဒီတခါ ဒီအဖွဲ့တွေ အဲဘက်ကိုသွားကြမယ် ထင်တယ်။
September 24th, 2009 at 11:37 amအဲ့ဒီကို ၂ခါရောက်ဖူးတယ် ၂ခါလုံးမိုးရွာတာနဲ့ပဲ ကြုံခဲ့ရလို့ ဓါတ်ပုံလည်း မရိုက်နိုင် ပင်လယ်ထဲလည်း မဆင်းနိုင် ရှုခင်းတွေလည်း မကြည့်နိုင်ခဲ့ဘူးလေ
September 24th, 2009 at 3:00 pmမေကဆုန်ရိုက်ခဲ့တဲ့ ပုံတွေပဲ တ၀ကြီးကြည့်လိုက်တယ်နော်
ပျော်ရွှင်ပါစေ
ခင်လျက်
ဝိုင်း
ပုစွန်လုံးသွားနှိုက်တာ လက်ကိုကိုက်လွှတ်လိုက်တယ်…
အားရို့ရို့…
းဝ)
September 24th, 2009 at 3:05 pmSembawang ကမ်းခြေလေး သာယာလိုက်တာဗျာ. တစ်ခါမှ မရောက်ဖူးသေးဘူးဗျ.။ အားရင် သွားလည်ကြည့်အုံးမယ်.. ကျေူးဇူးပါ မမေကဆုန်ရေ..
yu ya
September 24th, 2009 at 5:35 pmကမ်းခြေက လတ်ဆတ်တဲ့ လေပြေအေးလေးတွေကိုခံစားလိုက်ရသလိုပါပဲ..
September 25th, 2009 at 3:23 amအေးမြသာယာရှိပါတယ်….
ပျော်ပါစေခင်ဗျာ
ကျနော်တော့ တစ်ခေါက်ရောက်ဖူးဗျ
အရမ်းမိုက်တယ်။
ပိုစ့်အနေနဲ့ တော့ မတင်ဖြစ်ဘူး။
ခုလို တင်ပေးတာ ကျေးဇူးပါ။
သွားချင်တဲ့ လူတွေ အတွက် အဆင်ပြေသွားပေါ့။
ခင်တဲ့ ရီနို
September 26th, 2009 at 6:57 pmအင်း… ရောက်တော့ မရောက်ဖူးသေးဘူး။ တခါတခေါက်တော့ သွားလိုက်ပါအုံးမယ်လေ။
September 27th, 2009 at 10:01 pm