အတွေးများစရာ
လာလည်သူများ အပျင်းလည်းပြေ စိတ်လည်းရွှင်အောင် မေးကြည့် ဖြေကြည့် အဖြေညှိရအောင်.. အောက်က မြန်မာနိုင်ငံမှာ ရှိတဲ့မြို့လေးတွေကို သိရင် ဖြေပေးကြပါ
(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့ မြစ်သားမြို့
(၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့ ၀က်လက်မြို့
(၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့ ၀မ်းတွင်းမြို့
(၄)လူကြီးမဖြစ်သေးတဲ့မြို့ ကလေးမြို့
(၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့ မင်းကင်းမြို့
(၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့ ကြံခင်းမြို့
(၇)ဆင်တွေကတဲ့မြို့ ကျောက်ဆည်မြို့
(၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့ ရေးမြို့
(၉)စိုစိုပြည်ပြည်မရှိတဲ့မြို့ ချောက်မြို့
(၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့ ခင်ဦးမြို့
(၁၁)ဖားကောက်ခိုင်းတဲ့မြို့ မိတ္ထီလာမြို့
(၁၂)လေဘေးထည်မြို့ ဖျာပုံမြို့
(၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့ ၀ါးခယ်မမြို့
(၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး…ဆိုတဲ့မြို့ သပိတ်ကျင်းမြို့
(၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော… ဒလမြို့
(၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့… အဲ့ဒီမြို့ ထီးချိုင့်မြို့
(၁၇)အဲ့ဒီမြို့က ရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့. မိုးကောင်းမြို့
အဖြေက ရှိပြီးသားနော… အဖြူရောင်ဖြစ်နေလို့ပါကွယ်
မေးခွန်းရဲ့ ဘေးမှာပါ.. ဘယ်နှစ်ခု မှန်သလဲ..
ပျော်ရွှင်ကြပါစေရှင်


