30
Apr

အဖေ့အတွက် ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ

2291398224_00d4788834

ပျော်ရွှင်စရာကောင်းသော ရက်လေးတရက်ဖြစ်ပါစေ.. ဖေဖေ

အဖေက မေလ ၁ ရက်၊ မြန်မာလို ကဆုန်လပြည့်နေ့ ဆုံတဲ့(၁၉၄၉)နှစ်မှာ မွေးဖွားခဲ့တာပါ.. ခုနှစ်က အသက် ၆၀ ပြည့်မွေးနေ့လေးပါ..

ခုချိန်မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အေးမြငြိမ်းချမ်းသော ဘုရားရိပ်တရားရိပ်မှာ ခိုလုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် အဖေ

27
Apr

သီချင်းတူတူဆိုရအောင်

သူငယ်ချင်း ပို့ပေးထားတဲ့ fwd mail မှပါ.. သီချင်းစာသား အလိုက်ကို ရခဲ့ရင် အဲဒီအလိုက်အတိုင်း ဆိုကြည့်ပါ.. တော်တော်လေး ရယ်ရပါတယ်.. စိတ်ညစ်နေသူများ စိတ်ရှုပ်နေသူများ ပင်ပန်းနွမ်းနယ်နေသူများ အတွက် ခဏတာ အားလုံးကို မေ့ထားပြီး ဆိုကြည့်လိုက်ပါနော်..

စဆိုကြမယ်နော်.. ၁ ၂ ၃ ..

အနိုင် အချစ်ရေ အချစ်ရေ နောက်မခေါ်တော့ဘူး…….
ပိုးအိစံ မောင်ခေါ်ရာ လိုက်ခဲ့တော့မယ် ရွှေမြို့ မောင်ကြီးရေ …….

စိုးစနာထွန်း မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ….
လေးဖြူ ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့….

Lဆိုင်းဇီ လာချင်ရင် အနီးလေး….ကြိုမယ်ရှင့်….
မျိုးကြီး မလာပါနဲ့

နန်းစုရတီစိုး ကျမနောက်ကို မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်…
မိုးမင်း မင်းသဘော မင်းသဘော မင်းသဘောပဲ…..

Rဇာနည် ရေမြေခြားသွားရတော့ မင်းလေးကိုထားခဲ့ ရပြီပေါ့…………
NO နောက်တစ်ယောက်နဲ့ ချစ်မှာပဲ…….
more…

25
Apr

တည်ခင်းချင်မိသော နံနက်စာ

အလုပ်နားရက် ကျောင်းနားရက် သူငယ်ချင်းများအတွက် မနက်စာ လက်ဆောင်လေးပါ.. ကော်ဖီနဲ့ ချစ်စဖွယ် ဘီစကစ်လေးတွေပါ.. နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်.. (ဘီစကစ်ပုံလေးတွေက fwd mail မှ ဖြစ်ပြီး ကော်ဖီပုံကတော့ google image မှ)

ချစ်သဝဏ်လွှာ
ချစ်သူကို ကိုယ်စားပြောပေးမယ်တဲ့

more…

22
Apr

ဘ၀ကြင်ယာဖေါ် ရွေးချယ်နည်း

” အနှစ်လို  အချစ်ပိုချင်ရင်  *စစ်ဗိုလ် *ကိုစဉ်းစားပါ ”

” ကညာမွန်  အညာလွန် ချင်ရင် *ဆ၇ာဝန်*  ကိုရွေးပါ ”

” ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ ”

” အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်၇င် *ကျောင်းဆ၇ာ* ကတော် လုပ်ပါ ”

” ပြည်သူ့ ထဲ ငြူ ဆူအမြဲ ဖြစ်နေ၇င် *ပြည်သူ့ ၇ဲ* တောင်မစဉ်းစားနဲ့ ”

” အချစ်များပြီး ပြစ်ထားမယ်ဆိုရင် *စစ်သား*  ကို လည်း မယူနဲ့ ”

” အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်၇င် *နတ်ကတော်*  လည်းမရွေးနဲ့ ”

” အစဉ်အမြဲသိမ်း ၇င်ထဲထိန်းချင်၇င် *ယာဉ်ထိန်းရဲ *ကိုလည်းမစဉ်းစားနဲ “့

” ကုန်တာမှိုင် လို၇ာမပိုင်၇၇င် *companyပိုင်၇ှင် လည်း အလျှော့မပေးနဲ့ ”

” အဖြီးအပြတ်လှော် မီးသတ်မတော်၇င်* မီးသတ်* *ကတော်လည်း မလုပ်နဲ့ ”

” ၇မက်တပ်၇စ် အ၇က်မပြတ်ကစ်၇င် *လက်မှတ်စစ်* ကို လည်း မစဉ်းစားနဲ့ ”

” ၇တက်ဖြစ်အေ၇း လက်ဖက်ရည် ကစ်ေ၇း ဆို၇င် *ဆက်သွယ်ေ၇း  *ကောင်လည်း မရွေးနဲ့ ”့ 

” ယမင်းအပျော်ထား အတင်းပျော်အား နေ၇င် *သဘောင်္သား** *ကိုလည်းေ၇ှာင်ပါ ”

“  ရှာသမျှ ကုန်မယ်ဆို၇င် ကညာမကျ တဲ့ ပါသမျှ *ကုန်သည် * ကိုလည်းမစဉ်းစားနဲ့ ”

” မယားမပြတ်မော. အနားကပ်လျော့၇င် *ကားဝပ်ေ၇ှာ့*ဆ၇ာလည်း မရွေးနဲ့”

“နောင်မပူ ပြီးစီးမယ်ဆို၇င် *တောင်သူဦးကြီး *များကို စဉ်းစားပါ့”

ရယ်စရာလေးပါ.. အပျိုကြီးများ ရွေးချယ်စဉ်းစားဖို့ အတွက်နော်.. fwd mail မှ မျှဝေပါတယ်..

မူရင်း link - http://multiply.com/gi/chinatowngal:journal:35

17
Apr

အိမ်နားက သင်္ကြန်မြင်ကွင်း

ရန်ကုန် သင်္ကြန်ကို မလည်ဖြစ်လို့ ဓါတ်ပုံများများ မတင်နိုင်ပါဘူး.. အိမ်နားဝန်းကျင်မှာ ခဏတာ ထွက်ကြည့်တုန်း ရိုက်ထားတာလေးပဲ တင်ပေးပါမယ်..

ကျွန်မတို့ အိမ်ရှေ့မှာ T Home မဏ္ဌပ် ရှိပါတယ်.(စာလုံးပေါင်းမှားရင် ခွှင့်လွှတ်ကြပါ) ပေ ၃၀၀ ကျော်ရှည်ပါတယ်.. ကျွန်မ ရန်ကုန်ပြန်ရောက်တဲ့နေ့ ၂၇ ရက်နေ့က စပြီးဆောက်ပါတယ်.. သစ်အပါ စင်ဆောက်ခ၊ ပြန်ဖျက်ခ ကို သိန်း ၄၀၀ ကျော် ပေးရလို့ သိခဲ့ရပါတယ်.. မနှစ်က Alpine + IC band နေရာကို ယူလိုက်တာ.. နေရာက ကမ္ဘာအေးဘုရားလမ်းမပေါ် ကုက္ကိုင်းမီးပွိုင့်အနီးမှာ.. သိသာအောင် ပြောရရင် အန်တီစု အိမ်ရှိတဲ့ လမ်းထိပ်နားမှာပါ.. တော်တော်လေး စည်ပါတယ်.. ဒါပေမဲ့ မနှစ်က IC ပရိသတ်ရဲ့ တဝက်လောက်တောင် မမှီပါဘူး.. သင်္ကြန်ရက်တွေမှာ ၁ လမ်းမောင်းစနစ်ဖြစ်သွားပါတယ်.. အဆိုတော်တွေက ချစ်ကောင်း သျှီ ကြိုးကြာ ရွှေထိုက် ပြည့်ဖူးခိုင် ပူစူး အစိုင်း ကော်ဘရာ ဖိုးကာ ဖြိုးကြီး နဲ့ စိုင်းစိုင်းရဲ့ ညီမ ရင်းရင်း၊ တခြား အကအဖွဲ့တွေလည်း ပါပါတယ်..

လည်ပတ်တဲ့သူတွေ ရေပက်ခံကြတဲ့သူတွေ ရေပက်ကြတဲ့သူတွေ တော်တော်များများဟာ ချမ်းလို့ နွေးအောင်လို့ ပျော်လို့ကောင်းအောင်လို့ အကြောင်းပြချက်များစွာနဲ့ ပုလင်း၊ဗူးတွေကို ပေါ်တင်ကိုင်ကာ မူးနေကြတာ ကြည့်ရဆိုးလွန်းပါတယ်.. ကဲ ဓါတ်ပုံလေးတွေ ကြည့်ရအောင်..

DSC_1140.JPG
ဒရိုင်ဘာတော့ ဘယ်လိုမောင်းလဲ မသိ.
DSC_1138.JPG
အားလုံးကို ခေါ်ကာ စုံအောင်လျှောက်လည်မယ်

more…

17
Apr

မင်္ဂလာ နှစ်သစ်

မြန်မာပြည်သူပြည်သား အားလုံးနှင့် သက်ရှိ သက်မဲ့ ချစ်သူ ခင်သူ မိတ်ဆွေ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် ရန်သူ မခွဲခြားဘဲ ဘေးဥပဒ် ကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဆောင်ရွက်သမျှ ချောမောပြီး မင်္ဂလာ ရှိတဲ့ နှစ်လေး တနှစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ..