သူ နှင့် ကျွန်မ
သူ နှင့် ကျွန်မ အကြောင်းလေးကို သူ့မွေးနေ့ အမှတ်တရ အနေနဲ့ ရေးဖို့ သတိရမိလို့ပါ.. လွန်ခဲ့တဲ့ ၂၀၀၃ တုန်းက နွေရက်တခုမှာပေါ့ KMDမှာ သူငယ်ချင်းနဲ့ စာမေးဖို့ စောင့်ရင်း ဆရာမက မအားလို့ နာမည်တခုကို ပြောပြီး သူ့ဆီ သွားမေးလို့ ပြောရင်း အတန်းဝင်သွားတယ်.. အဲဒါနဲ့ project ခန်းထဲကို သိသလိုလိုနဲ့ ဝင်သွားပြီး နာမည်ကို အော်ခေါ်လိုက်တယ်.. တကယ်တော့ အဲဒီအခန်းထဲမှာ ဆရာဆိုလို့ သူ တယေက်တည်းရှိတာပါ.. သူ့ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပေါ့.. (စာရှင်းပြဖို့ မအားတဲ့ ဆရာမကြောင့်လည်း ဆုံခွင့်ရတာပါ.. ကျေးဇူးပါ မမိုး )
နောက်တော့ project လည်း မလုပ်ရသေးတော့ ဆက်စပ်မှုသိပ်မရှိတော့ဘဲ မေ့သွားတယ်.. အမှန်တကယ် နာမည်ကိုပါ မေ့သွားတာပါ.. second term မှာ VB assignment တင်ခါနီးမှာ ပျက်သွားလို့ ကူညီပေးတဲ့ အစ်မက လက်ကျိုးပြီး မမိုးက စာသင်နေရလို့ သူက သနားလို့ဆိုပြီး assignment ကိုလွှဲယူပြီး ကူလုပ်ပေးရင်း ရင်းနှီးသွားရာကနေ နောက်ပိုင်း project, assignment တွေကို တတ်နိုင်သမျှ ကူညီတော့တာပေါ့.. အလုပ်နဲ့ ခရီးဝေးသွားတိုင်း မပျက်မကွက် ဖုန်းခေါ်တတ်တာ.. လက်ဆောင်ပါလာတတ်တယ်.. သူ ဖုန်းဆက်လွန်းလို့ အိမ်မှာလည်း အဆူခံရဆုံး အချိန်တွေပေါ့.. ကျွန်မကလည်း project ကိစ္စကြောင့်ပါလို့ ပြောရင်းလေ..
အေးချမ်းတဲ့ ရက်လေးတရက်မှာ ကျွန်မကျောင်းတက်ရာ ဒဂုံကို လိုက်လည်ပြီး သူငယ်ချင်းကို လှည်းတန်းပြန်ပို့ရင်း အင်းလျားကို ခေါ်သွားပြီး သူ ချစ်နေကြောင်းဖွင့်ပြောလာတော့တယ်.. လုံးဝ ထင်မထားတာကြောင့် စနေတာလို့ပဲ ထင်တာပါ.. ရှက်လည်းရှက်မိပါရဲ့ ကိုယ့်ရဲ့ဆရာ တယောက်က ပြောတာဆိုတော့.. အမှန်အတိုင်းပြောရရင် ပျော်လည်းပျော်မိတယ်.. သူက ကိုယ် လေးစား အားကျတဲ့ သူတယောက်လည်း ဖြစ်နေလို့လေ.. အဲဒီလိုနဲ့ ရက်လေးတွေရွေ့လျားရင်း နွေညနေလေးတခုမှာ သူ စိတ်ချလက်ချ အိပ်မောကျဖို့ အဖြေလေးတခုကို ပေးလိုက်ပါတယ်.. (ကျွန်မဆီက အဖြေမရလို့ အိပ်မပျော်ဘူးလို့ ပြောလို့ပါ.. ဟုတ်မဟုတ်တော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်နော်).. အဟဲ
more…






