11
Aug

ခုတလော..

မနက်ကျောင်းမသွားခင် gtalk လေးခိုးဝင်ပါတယ်.. ကိုဂျူလိုင်ကြီးက အမိဖမ်းပြီး ရေးခိုင်းပါတော့တယ်.. ရေးခိုင်းထားတာတောင် ၁ ပတ်လောက်ရှိတော့မယ်.. ဟွင်း သူလည်း သူများရေးခိုင်းထားတာ ရေးပေးသေးဘူးလေ.. လွမ်းလို့ကောင်းတုန်းမို့လို့ သနားလို့ အကြွေးမတောင်း လွှတ်ပေးထားတာနော်.. ကိုဂျူလိုင်ကြီး တယောက် အလွမ်းပျောက်လို့ အိမ်ပေါ်မိန်းမရောက်ပါစေ.. :D

ကဲ.. စရေးပြီနော်..

တွေးနေမိတာက . . . .
” အစုံပဲ.. ရှေးဖြစ် နောက်ဖြစ် ခုဖြစ် တော်ကြာဖြစ်မယ့်ဟာ အားလုံးပဲ”

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက . . . .
” အသုံးကျဖို့ တော်တော်လိုသေးတယ်”

ကျန်းမာရေး . . . .
” ကိုယ့်ကျန်းမာရေးထက် အိမ်ဦးနတ် ကျန်းမာရေးကို ပိုဂရုစိုက်နေရတယ်.. ရောဂါဖြစ်ချင်ရင်တောင် ခဏအောင့်ထားရတယ်ကွယ်”

ဖတ်ဖြစ်တဲ့ စာအုပ် . . . .
”ကိုညီမောင်ပို့ပေးထားတဲ့ အကြည်တော်ရဲ့ ကလေးလက်ရေး၊ ဒဂုံရွှေမျှားရဲ့ စုံထောက်ဇာတ်လမ်းများ၊ နီကိုရဲ ရဲ့ ဘာကြီးလဲ ………….. ”

ရောက်နေဖြစ်တာက . . . .
”လယ်ထဲ (ကောက်ရိတ်တယ် မြက်နှူတ်ပေါင်းသင် ကျီးမောင်း သူရင်းငှား လယ်အငှားရိတ်တယ် အသီးခူးပေးတယ်)
မှတ်ချက်။ ။ အဖေက လယ်တွေခြံတွေ အမွေအဖြစ် ဝယ်မပေးတော့ facebook မှာပဲ လယ်သေဌေးလုပ်နေတယ် ”

ရေးဖြစ်နေတာက . . . .
” ဘောပင်နဲ့ ဂဏန်းပေါင်းစက်ကိုင်လို့ ကျောင်းကတွက်ခိုင်းတဲ့ အိမ်စာ.. မပြီးသေးလို့ ဆရာမကို ပြုံး ပြုံးပြနေရတာလည်း များပြီ :(

နားထောင်ဖြစ်နေတာ . . . .
”မနက်တိုင်း ပရိတ်တရားတော်ကို သတိထားပြီး နာဖြစ်တယ်.. ( သိပ်အထင်မကြီးနဲ့နော် ) တအိမ်လုံး ကျန်းမာရေး ချူချာနေလို့ပါ .. ”

ရွတ်မိနေတဲ့ကဗျာ . . . .
” စပါးဝါရွှေဝင်းပါစေ.. ပန်းတွေသင်းပါစေ.. ငှက်ကလေးတွေ မိုးတိမ်ကြား ပျံနိုင်ကြစေသား.. နေရောင်ခြည်လည်း နွေးပါစေ.. လေလည်း အေးပါစေ.. ချစ်မိတ်ဆွေ ပေါင်းဖော်များ ကျန်းမာကြစေသား .. ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း .. ”
more…

23
Mar

အင်း… ဝါသနာလေးများ

သူငယ်ချင်း နွေးနေခြည်က gtalk ကော၊ ဆီးပုံးမှာပါ tag ထားကြောင်း လာရေးသွားလို့ .. ဘာများပါလိမ့်လို့ စိတ်ဝင်စားရင်း ကြည့်လိုက်တော့ ဝါသနာလေးများ ဆိုပါလား… စဉ်းစားရင်း ရေးလိုက်တော့က…….

စာဖတ်ခြင်း

ဖခင်ဆီက ပီပီပြင်ပြင် ရထားသောအမွေပါ.. ဘာစာအုပ်မဆို ဖတ်ပါတယ်.. စာအုပ်မရွေး ဖတ်ပြီး စဖတ်ပြီ ဆိုတာနဲ့ မထတမ်း ထမင်းမစား ရေမသောက် ရှုးမပေါက်ဘဲ ထိုင်လိုက် အိပ်လိုက် လဲလိုက်နဲ့ ပြီးအောင် ဖတ်ကျင့်ရှိပါတယ်.. ကျောင်းစာကို အဲလို ဖတ်ကျင့် မရှိပါဘူး.. အဟဲ ebook တွေကို ဖတ်ရတာထက် စာအုပ်ကို လက်ကကိုင်ပြီး ဖတ်ရတာကို ပိုနှစ်သက်တယ်.. ကိုယ်အရမ်းကြိုက်တဲ့ ebook ဆိုရင် မှင်ဘယ်လောက် ကုန်ကုန် စာအုပ်ပုံစံမျိုးရအောင် ထုတ်ပြီး ဖတ်တယ်.. ငယ်ငယ်က စပြီးဖတ်ဖူးတဲ့ ရွှေသွေး၊တေဇ ကအစ ချစ်ဦးညို၊ ဘုန်းနိုင်၊ ဂျုး၊ ခင်ခင်ထူး၊ ဇော်ဇော်အောင်၊ အကြည်တော် နောက်ပြီး တရားတော်စာအုပ်တွေကို ဝယ်ပြီး ဖတ်ပါတယ်.. ခုတောင် အိမ်ခန်းရှင်းတာ စာအုပ်တွေ ခါးစောင်းလောက်ရှိတဲ့ အထုပ် ၂ ထုပ်ရှိတယ်.. လွှတ်ပစ်ရမှာလည်း နှမြော၊ ပေးကလည်း မပေးချင်ဆိုတော့ လှူလို့ ရမယ့် နေရာ ရှာနေရတယ်.. စာဖတ်ခြင်းက ခုထိ စွဲမြဲသော ဝါသနာ


စုဆောင်းခြင်း

ပိုက်ဆံတွေ အများကြီး စုဆောင်းတယ် ထင်ပြီး အထင်တော့ မကြီးလိုက်ပါနဲ့နော်.. ပစ္စည်းသေးသေးလေးတွေ၊ စတစ်ကာ မျိုးစုံ၊စာရေးကိရိယာ၊ ဖိနပ်၊ အိတ်၊ စာအုပ်တွေကို ပါ.. ပစ္စည်းသေးသေးလေးတွေ၊ စတစ်ကာ တွေဝယ်တာကိုတော့ အိမ်မှာ အရမ်းအဆူခံရတယ်.. မုန့်ဖိုးရတာနဲ့ ခိုးဝယ်တယ်.. စာအုပ်တွေမှာ လိုက်ကပ်တယ်.. အဲလိုဝယ်လွန်းလို့ အဒေါ်နဲ့ အစ်ကိုဝမ်းကွဲက နာမည်ပေးထားတယ်.. ” မဖန်စီ” တဲ့ ဟဲဟဲ လှတယ်နော်.. ခုတော့ စတစ်ကာ နဲ့ အရုပ်ဝယ်တာကို စွန့်လွတ်ထားတယ်.. ဒီမှာ ဝယ်ရတာဈေးကြီးလို့.. ပြီးတော့ ချစ်သူက မကြီးမငယ်နဲ့ ကလေးတွေနဲ့ အပြိုင် ဆိုင်ထဲမှာ သွားကြည့် ဝယ်တယ်လို့ ဆူထားတာလည်း ပါတယ်.. ဒါပေမဲ့ ခိုးခိုးပြီး သွားငေးတုန်း.. ဝါသနာပဲ ဘယ်ဖျောက်လို့ ရမလဲနော..

more…