22
Jul

22/7/09 နေကြတ်ပုံ ဓါတ်ပုံများ

မေကဆုန်တို့ ငါးတန်းကျောင်းသူဘဝတုန်းက တခါနေကြတ်တာကို ကြုံဖူးပါတယ်.. စာသင်နေရင်း ရုတ်တရက် အမှောင်ကျသွားပြီး အားလုံးလန့်သွားတာပေါ့ .. နောက်နေကြတ်တာကို သတိရပြီး အပြင်ကို ထွက်ကြည့်ကြပါတယ်.. ထူးဆန်းတာက မှောင်ရင်အိပ်သွားတတ်တဲ့ ထိခရုန်းလို အပင်လေးတွေကလည်း အရွက်တွေကို သိမ်းလို့ အိပ်ဖို့ ကြိုးစားတော့တယ်.. နေကြတ်ချိန်တော်တော်လေး ကြာပါတယ်.. နေလုံးကို တိုက်ရိုက်မကြည့်ဖို့ ဆရာမတွေက သတိပေးပါတယ်.. မျက်စိပျက်တတ် တယ်လို့ပြောပြပါတယ်ရှင်..

ဒီနေ့ Chongqing ပြည်နယ်မှာ နေကြတ်သွားပုံ အဆင့်ဆင့်ကို ဓါတ်ပုံရလို့ မြင်ဖူးတယ်ရှိအောင် ဘလော့ဂ်မှာ တင်ပေးလိုက်ပါတယ်.. မေးလ်ပို့ပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်ရှင်..





မနက် ရ နာရီ ၁၅ မိနစ်
မနက် ရ နာရီ ၃၀ မိနစ်

more…

24
Mar

ပြောင်းမည့် နားခိုရာ အိမ်ကလေး

ကျွန်မရဲ့ နားခိုရာ အိမ်ကလေးဟာ ပြသာနာ အနည်းငယ်ရှိတာကြောင့် လိပ်စာပြောင်းရပါမယ်.. ဒီနေ့ ကျောင်းက ပြန်လာတော့ ဘယ်သူ့တွေ လာလည်သွားလဲ ဘာတွေရေးသွားလည်းလို့ ကြည့်ဖို့ စာမျက်နှာလေးကို ဖွင့်လိုက်တော့ error ပြနေပါတယ်.. co.cc ကနေ rejected လုပ်တယ်လို့ ဖြစ်နေပြီး ဖွင့်လို့မရတော့ပါဘူး.. ကျွန်မ ခုချိန်ထိ မလွတ်မလပ်တဲ့ အရေးအသား၊ မထိတထိမျိုးလည်း မရေးမိပါဘူး.. maykasone.site40.net ကို ဖွင့်လို့ရပြီး maykasone.co.cc ကို လုံးဝမရတာပါ.. အဲဒီအချိန်မှာ တော်တော်လေး ဝမ်းနည်း စိတ်မကောင်းဖြစ်မိပါတယ်.. လုပ်လို့မရတာနဲ့ နောက်ဆုံးတော့ .com တခု ဝယ်လိုက်ရပါရော.. လာလည်ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို ကြိုတင် အသိပေးထားတာပါ.. ကျွန်မ လည်ပတ်နေကြ ဘလော့ဂ်တွေမှာလည်း လည်ပတ်ရင်း လိပ်စာအသစ်ကို ရေးပေးသွားပါမယ်နော်.. လိပ်စာအသစ်က www.maykasone.com ပါ.. processing က ၂၄ နာရီဖြစ်လို့ မနက်ဖန် ညနေပိုင်းလောက်က စပြီး လိပ်စာအသစ်ကို ဖွင့်လို့ရပါပြီ.. ကျန်းမာ ပျော်ရွှင်ကြပါစေ..

19
Mar

ရောင်ခြည်ကွန့်မြူး ဆံတော်ရှင်ကျိုက်ထီးရိုး

ကျိုက်ထီးရိုးဘုရား စိန်ဖူးတော် တဝိုက်မှာ ရောင်ခြည်ကွန့်မြူးနေတဲ့ ဓါတ်ပုံတွေကို fwd mail မှ ရရှိတာပါ.. အမှန်တကယ် ဖြစ်မယ်လို့ မျှော်လင့် ဆုတောင်းမိပါတယ်.. ဓါတ်ပုံထဲမှာ ရောင်ခြည်ကွန့်မြူးနေတဲ့ အချိန် နေ့ရက်တွေတော့ ရေးပေးထားတာ တွေ့ရတယ်.. ကိုယ်တိုင် မကြုံလိုက်ရပေမဲ့ ဓါတ်ပုံထဲမှာ ဖူးမြင်ရတဲ့ အတွက် တော်တော်လေးတော့ ကျေနပ်မိတယ်.. ပထမဆုံးအကြိမ် မြင်ဖူးတာမို့လို့ပါ..

ကျိုက်ထီးရိုးဘုရား ကျိုက်ထီးရိုးဘုရား
25082008-2.jpg
ကျိုက်ထီးရိုးဘုရား
ကျိုက်ထီးရိုးဘုရား

လွန်ခဲ့သော ၁၅ နှစ်လောက်တုန်းက ရွှေတိဂုံဘုရားမှာ ရောင်ခြည်ကွန့်မြူးတဲ့အကြောင်းကို ကျမ အသိတစ်ယောက် ပြောပြဖူးပါတယ်.. သူ့ရဲ့ အဖေ ကိုယ်တိုင် ဖူးတွေ့ပြီး ဓါတ်ပုံရိုက်လာခဲ့ပါတယ်.. ရောင်ခြည်တော်က အဝါရောင်၊ အစိမ်းရောင်မှ အနီရောင်ကို တဖြေးဖြေးနဲ့ကူးပြောင်းပြီး ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ အချိန်တော်တော်လေး ကြာအောင် ဖူးတွေ့ရတယ်လို့ ပြောပြပါတယ်..