Saw Harris ’s 1m Birthday
မင်္ဂလာပါခင်ဗျာ..
သားသားနာမည်က Saw Harris လို့ခေါ်ပါတယ်.. သားသားမွေးနေ့က ၂၆.၁၁.၂၀၀၉ ကြာသာပတေးနေ့ နံနက် ၈း၄၃ မိနစ်မှာ ဒီကမ္ဘာကြီးထဲကို စတင် မိတ်ဆက် ဝင်ရောက်လာခဲ့ပါတယ်.. အားလုံးဟာ သားသားအတွက်တော့ အထူးအဆန်းချည်းပါပဲ.. ဖေဖေက မေမေ့ကို ပြောတဲ့အသံကြားလိုက်တယ်.. သားသားက မွေးစက ဝတုတ်လေးတဲ့ ၈ပေါင် ရအောင်စခွဲတဲ့.. အရမ်းလည်း လိမ္မာတယ်တဲ့.. သူနာပြုဆရာမကြီးတောင် ရိုက်စရာမလိုဘူးတဲ့… မေ့ဗိုက်ထဲက ထွက်တာနဲ့ “အူဝဲ“ လို့ တန်းငိုတာဆိုပဲ..
သားသားရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေက ၃ နာရီခြားတခါ နို့သောက်တယ်.. ၆ နာရီခြားတခါ အီးအီးပါတယ်.. သားက ငိုပါဘူး.. မေမေ စိတ်ညစ်မှာ စိုးလို့.. သား နို့ဆာတဲ့ အချိန်နဲ့ အဝတ်တွေ လဲခိုင်းချင်တဲ့ အချိန်မှာပဲ ခဏလေး ငိုသံပေးတယ်.. မေမေက သားဘာလုပ်ချင်လဲဆိုတာ အကုန်သိတယ် သိလား….. သားက နေကောင်း ကျန်းမာတော့ အပြင်ကို အလည်ထွက်လို့ ရပီ.. Orchard က X’mas လည်း လည်းပြီးပြီ.. မီးလုံးလေးတွေ အရုပ်လေးတွေက သိပ်လှတာပဲနော်… သားက နောက်နှစ်ဆို လမ်းလျှောက်ပြီး လျှောက်ကြည့်ရတော့မယ် ပျော်လိုက်တာ…
သားမှာ ဦးဦးက ၁ယောက် အန်တီလေးက ၂ယောက်တောင် ရှိတယ်လေ.. ဦးဦးက သားကို ခဏခဏချီတယ်.. ဓါတ်ပုံတွေလည်း အများကြီး ရိုက်ပေးတယ်.. သားက မိသားစုလိုက် ဓါတ်ပုံရိုက်ရတာ သဘောကျတယ် ပျော်စရာကြီးနော်.. သားကြီးလာရင်လည်း ဦးဦးကို အများကြီး ထက်ရိုက်ခိုင်းမယ်.. အန်တီလေးကတော့ သားကို ဗီဒီယိုပဲ ရိုက်တာများတယ်.. သား အီးညစ်နေတာတို့.. နို့သောက်တာတို့.. ဆော့နေတာတို့.. ခု သား ၁ လပြည့်တော့ ဂတုံးတုန်းတာပါ ၇ိုက်ထားတယ်.. ပြီးရင် ပြန်ကြည့်ပြီး မေမေနဲ့ ရယ်နေကြရော .. အန်တီလေးကတော့ သားကို ဘာနာမည်တွေ ခေါ်မှန်းတိပါဝူး.. အစုံပဲ.. အိမ်နာမည် ဘိုဘိုတဲ့ .. တခါတလေ သားဂျီကျရင် ဂျာရစ်တဲ့.. ဘုန်းကြီးပေါက်စ ဆိုတာလဲ ပါသေး.. သားက အန်တီလေး ချီရင် ကြောက်တယ်.. အန်တီလေးက ပိန်ပိန်လေး.. သား ပြုတ်ကျမှာ ကြောက်တော့ သားက တောင့်ထားရတယ်.. အန်တီလေးကလည်း တူတူပါပဲ.. ကြောက်လို့ ခုထိ မချီသေးဘူး..
သားက အိပ်လိုက် နို့သောက်လိုက် ပါလိုက်နဲ့ နေ့ရက်တွေကို ဖြတ်သန်းလာခဲ့တာ ခုဆို သားသား ၁ လပြည့် မွေးနေ့ကို ရောက်ပါပီ ခင်ဗျာ..
သားသား ဓါတ်ပုံလေးတွေ ကြည့်ရင်း နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းကြမယ်နော်..










