ကျန်းကျန်း မာမာ နေကြစို့
နေ့စဉ်ပြုံးရွှင် လှရုပ်သွင် အစဉ်ခန့်ထည်တင့်
၇ပုံ ၈ပုံ ဝရုံစား အလွယ်တကူ “အို“မသွား
လူချင်းဆုံလျှင် အတိတ်ဖြစ်အင် ပြန်မြင်မပြောနှင့်
ပကာသနကင်း တည်ငြိမ်ခြင်း စွမ်းရင်းထက်ဆေးဝါး
ဒီလင်္ကာလေးအတိုင်း စားသောက်နေထိုင်သွားမယ် ဆိုရင် ရှိသမျှရောဂါတွေလည်း လျော့နည်းသွားမယ်.. ငွေကုန်ကြေးကျလည်း များမှာ မဟုတ်ပါဘူးရှင်..
“အကောင်းဆုံး ဆရာဝန်ဟာ မိမိကိုယ်တိုင်ပဲ” ဆိုတဲ့ စကားတခွန်းဟာ ရောဂါကာကွယ်ရေးနဲ့ ပက်သက်လာရင် အတိုင်းအတာတခုထိ အကျိုးသက်ရောက်မှူရှိပါတယ်.. ငါသိငါတတ်လုပ်ပြီး ရမ်းကုဖြစ်သွားရင်တော့ အကျိုးနဲဖြစ်တော့မှာ အမှန်ပါပဲ.. ကျန်းမာရေးကို ဗဟိုပြုတဲ့ စာကြောင်းငယ် ၄ ကြောင်းက
၁. အဓိကအချက် (၁)ခုထဲ
၂. အနည်းငယ် (၂)မျိုး
၃. အကျင့်မြတ် (၃)ပါး
၎. သတိပြုမည် (၄) နှစ်လီ
အကျယ်ကတော့ - အဓိက အချက် (၁) ကျန်းမာရေးကို ဗဟိုပြုရပါမယ်.. ချို့တဲ့ခဲ့ရင် ဘာမှလုပ်လို့မရတော့ပါဘူး.. ဆုံးရှုးံကုန်ပြီ.. အနည်းငယ်(၂)မျိုး ကတော့ အနည်းငယ်“ကြောင်”ချင်ယောင်၊ “အ”ချင်ယောင်ဆောင်ပေးရပါမယ်.. အသေးအဖွဲ ကိစ္စတွေမှာ “အ”ချင်ယောင်ဆောင်ပေမယ့် ခေါင်းထဲမှာ ရှင်းရှင်း လင်းလင်း သိပြီးသား.. မသိကျိုးကျွန်လုပ်နေတာ အသေးအဖွဲတွေကို ကတ်တီးကပ်ဖဲ့လုပ်နေရင် တနေကုန်တနေခန်း သေးနုပ်တဲ့အလုပ်တွေနဲ့ပဲ နပန်းလုံးရတာကမှ လူနုံလူအတွေပါ.. (၂) အနည်းငယ် “စိတ်ပေါ့ပါး”ပြီး လွတ်လွတ်လပ်လပ်နေပါ.. အရာရာကို ဂုဏ်သိက္ခာတွေ ငဲ့လွန်းပြီး မိမိဝါသနာပါတာတွေကို မလုပ်ဘဲ ချူပ်တည်းမနေသင့်ပါဘူး.. စတိုင်ကျကျ နဲ့ သဘောထားကြီးမြင့်နေသင့်ပါတယ်.. မြင့်တဲ့နေရာမှာ ရပ်တော့ ဝေးဝေးကို မြင်တာပေါ့နော.. အကျင့်မြတ် (၃)ပါးက - သူတပါးကို ကူညီရတဲ့ ပျော်ရွှင်မှူ - တင်းတိမ်ရောင့်ရဲခြင်းရဲ့ ပျော်ရွှင်မှူ -လောကဓံတရားကို ခံနိုင်ခြင်းရဲ့ ပျော်ရွှင်မှူ ဆိုတာ ထာဝစဉ် ပျော်ရွှင်နိုင်တဲ့ အကျင့်မြတ် ၃ပါးပဲ ဖြစ်ပါတယ်.. သတိပြုမည် (၄) နှစ်လီဆိုတာ ပထမတမျိုးက (၁).ကျန်းမာရေး အခြေခံအုတ်မြစ်ကြီး ၄ ခုဖြစ်တဲ့ - နည်းလမ်းကျကျ စားသောက်ပါ - တော်သင့်တဲ့ အားကစားလုပ်ပါ - ဆေးလိပ်ဖြတ် အရက်လျှော့ပါ “ လုံးဝမသောက်နဲ့လို့ ပြောမထားပါဘူးး) ” - စိတ်နေသဘောထားမျှတပါ… ဒုတိယတမျိုးက အကောင်းဆုံး ၄ မျိုးဖြစ်တဲ့ - အကောင်းဆုံးဆရာဝန်ဟာ မိမိကိုယ်တိုင်ပဲ - အကောင်းဆုံးဆေးဟာ အချိန်ပဲ - အကောင်းဆုံး စိတ်နေစိတ်ထားဟာ တည်ငြိမ်မှူပဲ - အကောင်းဆုံး အားကစားဟာ လမ်းလျှောက်ခြင်းပါပဲ ( အတင်းအကျပ်မဟုတ်ပေမဲ့ ကြိုးစားပြီး လမ်းလျှောက်သင့်ပါတယ် )..
ဒီအချက်တွေသာ လိုက်နာကျင့်သုံးမယ်ဆိုရင် ငွေကြေးကုန်ကျမှူမရှိဘဲ လူတိုင်းလူတိုင်း ကျန်းမာစွာနဲ့ အသက် ရ၀ ၈၀ ကျော်ထိ နေရမယ်ဆိုတာ အိမ်မက်မဟုတ်ပါဘူး.. နေ့စဉ် နေ့တိုင်း ကျန်းမာရေးရဲ့ အရသာကို ချမ်းသာစွာ ခံစားကြရပါမယ်ရှင်..
မှတ်ချက်။ ။ မေကဆုန်ဖတ်နေတဲ့ ကျန်းကျန်းမာမာ အသက် ၁၀၀ စာအုပ်နဲ့ အစားအစာဖြင့် ကာကွယ်ရေး လမ်းညွှန်စာအုပ်မှ ဗဟုသုတရစေရန် ရေးသားထားတာပါ.. အိမ်ဦးနတ်ရဲ့ ကျန်းမာရေးနဲ့ ပက်သက်တာတွေ ရှာဖတ်ဖြစ်နေလို့ ခုတလောလေး ကျန်းမာရေးနဲ့ ပက်သက်တဲ့ ပို့စ်တွေ ဖြစ်ဖို့များ မယ်ထင်ပါတယ်း)