15
Jan

သင်သေသွားသော်

သြော်… လူ့ပြည်လောက လူ့ဘဝကား

အိုရ နာရ သေရဦးမည်

မှန်ပေသည်တည့်၊၊

သို့ပြီးတကား သင်သေသွားသော်

သင်ဖွားသောမြေ သင်တို့မြေသည်

အခြေတိုးမြင့် ကျန်ကောင်းသင့်၏၊၊

သင်ဦးချရွေ့ အမျှဝေရာ

စေတီသာနှင့် သစ္စာအရောင်

ညဏ်တန်ဆောင်လည်း

ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း…

(ဆရာဇော်ဂျီ)

29
Nov

နတ်ကတော်လုပ်နည်း =)

နတ်ကတော်လောကတွင်ကျင်လည်ရိုက်စား နတ်ကတော်ကြီးများရှေ့
ထွန်ကျူးသည်မဟုတ် ပါ သိသမျှရေရသော် နတ်ကတော်လုပ်နည်း နိဿရည်းကား ..

၁) အရူးထောင်လဲ အရောက်လှမ်းရမည် ၊ မမူးအောင်လဲအသောက်ကျွမ်းရမည် ။

၂) ကနားထိန်းကိုလဲ အဖားရမည် ၊ အသားစိမ်းကိုလဲ စားရမည် ။

၃) နတ်ဆိုင်းဆရာကိုလဲ အတီးကောင်းအောင်ကပ်ရမည် ၊ နတ်သမိုင်းစာကိုလဲ အရွီးကောင်းအောင် ဖတ်ရမည် ။

၎) လျှာထွက်အောင်လဲ အပြောမြိုင်ရမည် ၊ အသပြာထွက်အောင်လဲ အဟောပိုင်ရမည် ။

၅) အပြောကျင့်က တစ်မနက်တည်းနှင့် မောနိုင်သည် ၊ အဟော သင့်က တစ်ချက်တည်းနှင့်ထောနိုင်သည် ။

၆) လေချဉ်ဆိုးကိုလဲ မထအောင် ကြံတတ်ရမည် ၊ ရေစင်ဖိုးကိုလဲ ရအောင် ဖန်တတ်ရမည် ။

၇) သရဲလိုခြောက်ပြီး ကျားလောက်လဲ လျင်ရမည် ၊ ဆဲဆိုငေါက်ပြီး စားပေါက်လဲထွင်ရမည် ။

၈) အဆန်းထွှင်ကာ ဓါးစတန့်လဲ ပြရမည် ၊ ရှမ်း ကရင် ဗမာ ကုလား ဒန့်စ်လဲ ကရမည် ။

၉) ပွေးမန်းလဲ တတ်ရမည် ၊ အပေးအကမ်းလဲ ဖြတ်ရမည် ။

၁၀) လောင်းကစားလဲ နွှဲရမည် ၊ အတောင်းအစားလဲ ရဲရမည် ။

၁၁) ဇာတ်ခုံပေါ်လဲ ကြောင်ရဲရမည် ၊ နတ်ပုံတော်လဲ ပေါင်ရဲရမည် ။

၁၂) ယတြာကိုလဲ ဆောင်ရမည် ၊ ပ၀ါကိုလဲ ပေါင်ရမည် ။

၁၃) ဒေါင်းဖဲကိုလဲ ကပ်ထားရမည် ၊ ဗလောင်းဗလဲကိုလဲ တတ်ထားရမည် ။

၁၄) ဂါတ်စာရေးလာမှ အာမခံရသည် ၊ နတ်မေးလာမှ ဆာသမျှနှံရသည် ။

၁၅) အရပ်နူး ကိုလဲ အတည့်တွေးရမည် ၊ နတ်ရူးကိုလဲ တပည့်မွေးရမည် ။

ဒါ့ကလောက် တတ်လျှင်ဖြင့် ဘ၀တစ်သက်တာ ငတ်စရာမရှိ ကြီးပွားဖို့သာရှိကြောင်း ကျွန်ုပ်က ရဲရဲကြီး အာမခံပါသည်။
နတ်ကတော်လောကတွင်ကျင်လည်ကျက်စား သာမန်နတ်ကတော်များထက် တစ်ကွက်သာစေရန်
ဆောင်ရန်နည်းလမ်းများကိုလဲ အရူးချေးပန်း ပရမ်းပတာ ရှင်းပြပါဦးမည် ။

၁) ကြက်သားကိုလဲ အုပ်ရမည် ၊ ၀က်သားကိုလဲတုတ်ရမည် ။
ကြက်သားကို အုပ်မှ ကြက်ငှက်တုပ်ကွေးဖြစ်နိုင်သည် ၊ ၀က်သားကို တုတ်မှ ၀က်ပုပ်ကလေးဖြစ်နိုင်သည် ။

၂) ပရမ်းပတာလဲ ပြောရမည် ၊ လမ်းမှာလဲဟောရမည် ။
ပရမ်းပတာ ပြောမှ အဟုတ်ထင်သည် ၊ လမ်းမှာ ဟောမှအလုပ်တွင်သည်။

၃) ငါးခြောက်ကိုလဲ ကြော်ရမည် ၊ အခြောက်လိုလဲ ပျော်ရမည် ။
ငါးခြောက်ကိုကြော်မှညှော်မိသည် ၊ အခြောက်လိုပျော်မှ အဖေါ်ရှိသည် ။

၎) လင်ကိုလဲ ညာတတ်ရမည် ၊ အချဉ်ကိုလဲ ရှာတတ်ရမည် ။
လင်ကိုညာတတ်မှ မိုက်လို့ကောင်းသည် ၊ အချဉ်ကို ရှာတတ်မှ ရိုက်လို့ကောင်းသည်။

၅) ဒိုင်ခံစရာ ကျပ်ငွေ အပိုလဲရှိရမည် ၊ နိုင်ငံတကာ နတ်တွေကိုလဲ သိရမည် ။
ဒိုင်ခံစရာ ကျပ်ငွေ အပိုရှိမှ အလျော်အစားမြိုင်သည် ၊ နိုင်ငံတကာ နတ်တွေကိုသိမှ ကျော်ကြားနိုင်သည် ။

၆) တောအရက်လဲ သောက်ရမည် ၊ ဟောချက်လဲပေါက်ရမည် ။
တောအရက်သောက်မှ ခံတွင်းသန့်ပြီး လျှောက်လည်ဟောနိုင်သည် ၊ ဟောချက်ပေါက်မှ သတင်းပျံ့ပြီးဖောက်သည်ပေါနိုင်သည် ။

၇) အပျော်ကိုလဲ ကြိုက်ရမည် ၊ စားတော်ကိုလဲ တိုက်ရမည် ။
အပျောက်ကြိုက်မှ အတွဲအသစ်ထားနိုင်သည် ၊ စားတော် တိုက်မှ အသည်းအမြစ်စားနိုင်သည် ။

၈) မြွေတောကိုလဲ ဖြတ်ရမည် ၊ ကြွေဟောကိုလဲ တတ်ရမည် ။
မြွေတောကိုဖြတ်မှ မြွေပြီးနိုင်သည် ၊ ကြွေဟောကိုတတ်မှ လေကြီးနိုင်သည် ။

၉)ဘူတာကတိုလဲ တစ်ရက်ကြိုပြေးရမည် ၊ လူတကာကိုလဲ မျက်နှာချိုသွေးရမည် ။
တစ်ရက်ကြိုပြေးမှာ သွားစရာ တီးကတ်ရသည် ၊ မျက်နှာချိုသွေးမှ စားစရာဖရီးနှက်ရသည် ။

၁၀) အကြွေးလဲ ဆန်ဆီ မကျန်ဖြဲရမည် ၊ အပြေးလဲ ချန်ပီယံ ဆွဲရမည် ။
ဆန်ဆီမကျန်ဖြဲမှ အမြတ်ထွက်ချေသည် ၊ ချန်ပီယံဆွဲမှ နတ်သက်ရှည်သည် ။

တတ်မှစားရသည်မဟုတ်ပါ ၊ နပ် လျှင်လဲ စားရပါသည်။
ငတ်မှလာဘ်မျှော်ဖြစ်သည် ၊ နပ်မှ နတ်ကတော်စစ်သည်။
လိပ်ပြာသိပ်မှ နတ်ကတော်ဖြစ်သည်မဟုတ်ပါ၊ ရိတ်စရာ ရိတ်လျှင်လဲ နတ်ကတော်ဖြစ်ပါသည် ။
ရေစင်သောက်မှဖြစ်သည်လဲမဟုတ်ပါ ၊ ရေသန့်သောက်လဲ ဖြစ်ပါသည် ။
လူလိုမှ နတ်လိုပါသည် ၊ အူစိုမှ အငတ်ပိုပါသည်။

( ၂၀၀၈ ဒီဇင်ဘာလ ထုတ် သောင်းပြောင်းထွေလာ ရယ်စရာ Magazine
စန်းဝင်းရှိန်(သမိုင်း)၏ ဦးလေးရှိန်က နတ်ကတော်လက်သစ် ဒေါ်ရွှေချစ်ထံပေး မေတ္တာစာမှ ကူးယူ ဖေါ်ပြခြင်းဖြစ်သည်။

09
Oct

ပညာရှိဆိုတာ….

ပညာရှိဆိုတာ….

ကောင်းတဲ့အကျိုးကိုပဲ တွေးတဲ့သူ
ကောင်းတဲ့အကျိုးကိုပဲ ပြောတဲ့သူ
ကောင်းတဲ့အကျိုးကိုပဲ ပြုမူတဲ့သူ

(ဆရာတော် ရဝေနွယ်(အင်းမ)၏ ရေးသားချက်မှ)

ကဲ ဒါဆိုရင် သင်ကော ???????

08
Sep

စိတ်ညစ်ရင် ရေချိုးပါ

တခါတုန်းက သားအဖ ၂ ယောက် ခရီးတခုကို သွားဖို့ပြင်ဆင်ကြတယ်.. သွားမဲ့လမ်းမှာ တောအုပ်တခုရှိပြီး တောအုပ်ထဲမှာ သူခိုးဓါးပြအုပ်စုက သူတို့ထုံးစံအတိုင်း သားအဖ ၂ယောက်လာရင် အဖေကိုဖမ်း သားကို ပိုက်ဆံပြန်ယူခိုင်း.. ဆရာ တပည့် ၂ ယောက်လာရင် ဆရာကို ဖမ်း တပည့်ကို ပိုက်ဆံရှာခိုင်းပါတယ်.. ဒီတော့ ဖခင်က သားကို ခရီးမထွက်ခင်” သူခိုးဓါးပြတွေနဲ့တွေ့ခဲ့ရင် မင်းနဲ့ငါ ဘာမှ မတော်ဘူးလို့ပြော ” လို့ မှာကြားတယ်..

တောအုပ်ကို ရောက်တဲ့အခါ ထင်တဲ့အတိုင်းပဲ သူခိုးဓါးပြတွေနဲ့ တွေ့တော့ ”သင်တို့ ၂ ယောက် ဘာတော်လဲ” လို့မေးရင်ပဲ ”ဘာမှမတော်ပါဘူး”လို့ ပြန်ဖြေတော့ လွတ်ငြိမ်းချမ်းသာခွင့်ရသတဲ့ကွယ်.. ဒီလိုနဲ့ ခရီးဆက်ထွက်ခဲ့ကြပြီး ညနေချမ်းမှာ နားကာ ရေချိုးကြတယ်.. ကိုယ် စိတ်နှလုံး ကြည်လင်တဲ့ သားက တနေ့တာ သူ့ရဲ့သီလကို ပြန်လည် ဆန်းစစ်တဲ့ အခါမှာ မနက်က မုသားပြောခဲ့တာကို ပြန်သတိရ သံဝေဂရပြီး ”ငါတော့ အပယ်ချခံရတော့မှာပဲ” လို့ဆိုပြီး ဝိပသာနာ အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါအရှင်မြတ် ဖြစ်သွားကာ ဖခင်ကို တရားဟောပြီး နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်.. (ငါးရာ့ငါးဆယ် ပါနီယဇာတ်)

ရေချိုးလိုက်လို့ တရားထူးရသွားတာ မဟုတ်ပါဘူး ပါရမီအထုံကြောင့် အထောက်အပံ့တခု ရသွားခြင်းပါ.. ရေချိုးထားလို့ စိတ် ရုပ်ကြည်လင်နေတဲ့ အတွက် တရားအားထုတ်ရတာ ပိုအဆင်ပြေသွားပါတယ်.. ညဏ်ပညာပွားများဖို့အတွက် ကိုယ်တွင်း ကိုယ်ပနှစ် ဌာနကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပါ.. ဆံပင် ခြေသည်းလက်သည်းတွေ ရှည်နေမယ် ကိုယ်ခန္ဓာမှာ ချွေး ကြေးတွေ  အပူအပုပ် လေဆိုးတွေ ကပ်နေမယ်ဆိုရင် အတွင်းဝတ္ထု မသန့်ရှင်းတာပါ.. ကိုယ့် အဝတ်အစား စောင် အိပ်ယာ ခြင်ထောင် စာအုပ်တွေ ရှူပ်ပွ ဖွာလန်ကြဲနေမယ် အမှိုက်တွေ ရှိနေမယ်ဆိုရင် အပြင်ဝတ္ထု မသန့်ရှင်းတာပါ.. ကိုယ်တွင်း ကိုယ်ပ မသန့်ရှင်းဘူးဆိုရင် စိတ်ရှူပ်မယ် တဆင့် ညဏ်အမြင် မကြည်လင်တော့ဘူး နေရထိုင်ရတာလည်း မပျော်ရွှင်တော့ဘူးပေါ့ ..

ဒါ့ကြောင့် ရှင်းစရာ ရှိတာကို ရှင်း၊ လျှော်စရာ ရှိတာကို လျှော်၊ ညှပ်စရာ ရှိတာညှပ်၊ နေလှန်းစရာ ရှိတာကိုလှန်းပါ.. လေဆိုး အပူအပုပ်တွေ အတွက်လည်း နားလည်တဲ့ ဆရာဝန်တယောက်နဲ့ ပြသပြီး ဆေးစားကာ ကိုယ်ခန္ဓာ ပေါ့ပါးလန်းဆန်းအောင် လုပ်ရပါမယ်.. ကိုယ်တွင်း ကိုယ်ပ သန့်ရှင်းနေရင် စိတ်ကြည်လင်လာပြီး ညဏ်ပါ ကြည်လင် ထက်မြတ်လာပါလိမ့်မယ်.. တရားအားထုတ်တဲ့ ယောဂီ၊ အလုပ်လုပ်နေတဲ့သူ၊ စီးပွါးရှာနေတဲ့သူ၊ ကျောင်းသာကျောင်းသူများပါ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းအောင် ဂရုစိုက်နေထိုင် တတ်ရပါမယ်..  ရေချိုးထားရင် စိတ်က ကြည်ကြည်လင်လင် လန်းဆန်းနေလို့  ကျောင်းသားတယောက်ဟာ စာမကျက်ခင် ရေချိုးထားရင် စိတ်ကော ညဏ်ကော ကြည်လင်နေတာမို့လို့ စာကျက်လို့ ပိုကောင်းနေပါလိမ့်မယ်..

တကယ်လို့ စိတ်ညစ်လာပြီဆိုရင် အခန်းသန့်ရှင်းရေးလုပ်ပါ.. အိပ်ယာ စောင် ခြင်ထောင် ခေါင်းအုံးတွေကို အသစ်နဲ့လဲလိုက်ပါ.. ရေချိုးပြီး ကိုယ်နှစ်သက်တဲ့ လျှော်ပြီးသား အဝတ်လေးကို ဝတ်ပြီး လဲပြီးသား အိပ်ယာပေါ်မှာ သက်တောင့်သက်သာစွာနဲ့ ထိုင်လို့ ခါးကို ဖြောင့်ဖြောင့်မတ်မတ်ထားပြီး လက်အုပ်လေးချီ ငါးပါးသီလ ခံယူလိုက်ပါ.. မြတ်စွာဘုရား ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်.. ကိုယ်တိုင်ကြွလာတယ်လို့ စိတ်နှလုံးသွင်းထားပြီးရင် လက်အုပ်ချီတာလေးကို ချပြီး အရဟံဂုဏ်တော်ကို ငါးမိနစ်၊ဝိပသာနာကို ငါးမိနစ် အကယ်လို့ မိမိရတဲ့ ဂါထာရှိရင်လည်း ပွားများပါ.. ဒါဆိုရင် စိတ်ညစ်တာ သက်သာပြီး စိတ်ကြည်လင် လာပါလိမ့်မယ်.. စမ်းကြည့်စေချင်ပါတယ်..

စိတ်ညစ်တာကို ဒီအတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းလေးနဲ့ ဖြေဖျောက် ပယ်ပစ်လိုက်ဖို့ပါ.. ကိလေသာ မကင်းသရွေ့တော့ စိတ်ညစ်တာကတော့ ရှိနေဦးမှာပါဘဲ.. ရေချိုးလိုက်တာကတော့ သိပ်ပြီးမခက်လှပါဘူးနော်.. ဒီနည်းလေးကို အကျင့်အထုံလေးဖြစ်အောင် လိုက်ထားလိုက်ရင် အကျင့်ကနေ အမြဲစွဲသွားတာ များပါတယ်.. အကယ်လို့ ထွက်ပေါက်အနေနဲ့ အကုသိုလ် တခုခုကို လုပ်မိခဲ့ရင် မကောင်းတာဆိုတာ စွဲသွားရင် ဖြတ်ရခက်တတ်ပါတယ်.. တချို့က စိတ်ညစ်လာရင် ဖုန်းဆက်တတ်ပါတယ်.. အခြား တယောက်က ကိုယ့်အတွက် အကြံညဏ်ကောင်း ပေးခဲ့ရင်တော့ အတိုင်းအထက်အလွန် တော်ပါရဲ့  ( နောနော် သီချင်း မဟုတ်ပါ :P ) .. တကယ်လို့ တခြားသူက ”ဘယ်ဆိုင် ဘယ်ကလပ်ကို သွားလို့ ဘယ်လိုကဲကြမယ်.. လန်းသွားမယ် ” ဆိုရင်တော့ ဟုတ်ပြီ ကဲပါပြီတဲ့ ကဲနေတဲ့ အချိန်ပဲ သက်သာပြီး နောက်ပြန် စိတ်ညစ်လာမှာပါ..

စိတ်ညစ်ရင် ထွက်ပေါက်များစွာရှိတဲ့အနက်မှ ကောင်းတဲ့ထွက်ပေါက်လေးကို အလေ့အကျင့်လေးတခု အနေနဲ့ စွဲထားမယ်ဆိုရင် နောက်နောင် အထူးကြောင့်ကြစရာ မလိုတော့မှာ အမှန်ပါပဲ.. ဒါကြောင့် ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ.. စိတ်ချမ်းသာလာပါလိမ့်မယ်..

( ဆရာတော် ရဝေနွယ်-အင်းမ ရဲ့ ရေးသာမှူမှ ကောက်နုတ်ရေးသားချက်)

ကျွန်မ ဖတ်ဖို့နဲ့ မိတ်ဆွေ သူငယ်ချင်း မောင်နှမများ ဖတ်ဖြစ်ပြီး တခါလောက် လိုက်နာ ကျင့်သုံးဖြစ်ဖို့် ကျွန်မ တိုက်တွန်းချင်ပါတယ်ရှင်..

25
Aug

သင်သိရဲ့လား? (၂)

1. You share your birthday with at least 9 million other people in the world.

2. Sri Lanka has the world’s highest numver of public holidays. Good :P ပြောင်းကြစို့

3. The average person has over 1460 dreams a year.

4. The $ sign was designed in 1788 by Oliver Pollock.  ဘိုးတော်ဘုရား လေးဖက်သွား ခေတ်ကပေါ့

5. A 30 mins cartoon may contain over 18000 separate drawings.

6. China was the first country to use paper money.

7. The average American will eat 35000 cookies in his / her lifetime.

8. Honeybees have hair on their eyes.

9. Our eyes are always the same size from birth.

10. You use an average of 17 muscles for a smile.

11. Men loose about 40 hairs a day. Women loose about 70 hairs a day.

12. Everyday 200 million couples make love, 400 000 babies are born and 140 000 people die.

13. The Olympic silver medal is made of 92.5% silver.

14. The Olympic gold medal must contain at least 6 grams of gold.

15. The total amount of skin covering an adult human weighs 6 lbs.

16. You’ re born with 300 bones, but when you get to be an adult, you only have 206.

17. Men’s shirts have the buttons on the right, but women’s shirts have the buttons on the left.

18. A human heart beats 100 000 times a day.

တောင်းပန်လွှာ။ ။ အအေးပတ်ပြီး ဖျားနေလို့ အသစ်မတင်နိုင်တာပါ.. အားလုံးက e တော်ပြီးသားဆိုတာ သိလို့ မြန်မာလို ပြန်မရေးတော့ဘူးနော်..

အဟီး အချောင်ခိုတာ.. လာလည်သူများ ကျန်းမာပျော်ရွှင်ကြပါစေရှင်..

အိမ်ကြီးရှင် အိမ်ဦးနတ်က သူ့စိတ်ကြိုက် ဒီဇိုင်းကိုပြောင်းကာ လက်ကလိနေပါတယ်.. ကြည့်ရတာ အဆင်ပြေမှု့ရှိမရှိလေးကို မှတ်ချက်ရေးပေးစေလိုပါတယ်.. ကျေးဇူး

27
Jun

သင် သိရဲ့လား (၁)

မေကဆုန် ဖတ်မိတဲ့ စာလေးတွေကို ပြန်လည် မျှဝေလိုက်ပါတယ်.. ဗဟုသုတ အနည်းငယ်ရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီရှင်..

(၁) ယေဘူယျအားဖြင့် လူတယောက်က တနေ့ကို စကားလုံးပေါင်း ၅၀၀၀  ခန့်ပြောတယ်.. သို့သော်လည်း အများအားဖြင့် ၈၀% က မိမိကိုယ် မိမိပြန်ပြောနေတဲ့ စကားတွေဖြစ်တယ်..

(၂) တကယ်လို့သာ သင့်ခန္ဓာကိုယ်ထဲက ရေပမာဏ ၁% ခန့် လျော့နဲသွားပါက သင်ဟာ ရေဆာလာတယ်လို့ ခံစားရလိမ့်မယ်..

(၃) သင်ဟာ သင့်ဘဝသက်တမ်း တလျှောက်မှာ ရေ ၇၅ ၀၀၀ လီတာ (သို့) ဂါလံ ၂၀ ၀၀၀ ခန့် သောက်သုံးနိုင်မှာ ဖြစ်တယ်

(၄) တရုတ်ပြည်မှာ နေ့စဉ် စုံတွဲပေါင်း ၂၆ ၀၀၀ ခန့် လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲနေကြတယ်..

(၅) Antarctica တိုက်ဟာ ကျွန်မတို့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ ပိုင်ဆိုင်ခြင်း မရှိတဲ့ ကုန်းမြေလွတ် တခုဖြစ်ပါတယ်..

(၆) ကျွန်မတို့ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးလည်ပတ်မှု အကူအညီမယူ၊ လေထဲက အောက်ဆီဂျင်ကို တိုက်ရိုက်ရယူသော တခုတည်း အစိတ်အပိုင်းက မျက်ကြည်လွှာ ပဲဖြစ်ပါတယ်..

(ရ). အီဖယ်မျှော်စင် ထိပ်ပေါ်ရောက်ဖို့ လှေခါးထစ်ပေါင်း ၁၇၉၂ ထစ် ရှိပါတယ်..

(၈). လူသားတယောက်ရဲ့ အနံ့ခံနိုင် စွမ်းအားက ခွေးတကောင်ရဲ့ အနံ့ခံနိုင်မှု အပုံ ၂၀ ပုံ ၁ ပုံ မျှသာ ရှိပါတယ်..

(၉). ကုလားအုတ်တကောင်ဟာ မျက်လုံးထဲကို  သဲဝင်တာကို ကာကွယ်ဖို့ မျက်ခွံပါး ၃ ခုပါရှိပါတယ်..

(၁၀). ကွယ်လွန်သွားပြီဖြစ်တဲ့ မာရီလင်မွန်ရိုးမှာ ခြေချောင်း ၆ ချောင်းရှိပါတယ်..

more…

14
May

သူငယ်ချင်းကောင်းဆိုတာ

friendscartoon

A - Accepts you as you are. သင့်ကိုအရှိအတိုင်းလက်ခံသူ

B - Believes in ”you” . သင့်ကိုယုံကြည်သူ

C - Calls you just to say ”HI” . “နေကောင်းရဲ့လား”ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ

D - Doesn’t give up on you. သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ

E - Envisions the whole of you (even the unfinished parts) သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို မှန်းမျှော်ပီတိဖြစ်နေသူ

F - Forgives your mistakes. သင့်အမှားများကို ခွင့်လွှတ်တတ်သူ

G - Gives unconditionally. ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ

H - Helps you. ကူညီဖေးမသူ

I - Invites you over. နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ

J - Just ”be” with you. သင်နှင့်အတူရှိနေတာကို ကျေနပ်သူ

K - Keeps you close at heart. လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ

L - Loves you for who you are. ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ

M - Makes a difference in your life. သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ

N - Never judges. အပြစ်တင်ဝေဖန်ခြင်းမပြုသူ

O - Offer support. သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ

P - Picks you up. ၀မ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ

Q - Quiets you fears. ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ

R - Raises your spirits. စိက်ဓာတ်မြှင့်ပေးသူ

S - Says nice things about you. သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ

T - Tells you truth when you need to hear it. သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ

U - Understand you. သင့်ကိုနားလည်သူ

V - Values you. သင့်ကိုတန်ဖိုးထားသူ

W - Walks beside you. သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ

X - Xplains thing you don’t understand. သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ

Y - Yells when you won’t listen. သူ့စကားကိုနားမထောင်ပါက အော်တတ်သူ

Z - Zaps you back to reality သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ

ငယ်ငယ်ကနေ ခုချိန်ထိ ခွဲခွာနေရသော သူငယ်ချင်းများကို သတိတရရှိနေတာနဲ့ ဖတ်မိတာလေးကို တင်ပေးလိုက်တာပါ.. ရေးသူကို မသိပေမဲ့ မေးလ်ပို့ပေးတဲ့ သူကို ကျေးဇူးတင်ပါတယ်..

ဘဝမှာ ဘယ်နေရာ ဘယ်ဒေသ ဘယ်လိုလူမျိုးတွေနဲ့ပဲ ပေါင်းသင်းဆက်ဆံနေရပါစေ.. သူငယ်ချင်းကောင်းဆိုတာ လေလိုပါပဲ အသက်ရှိနေသမျှ ကာလပတ်လုံးမှာ တိုင်ပင်ဖော် ရင်ဖွင့်ဖက် ကောင်းတူဆိုးအမျှ ခံစားပေးမဲ့ ကိုယ့်ဘက်က ရပ်တည်ပေးတဲ့ သူတယောက်ပါ..