15
Jul

ATT’s Family Day (၂)

ခုတလော အရမ်း အရမ်းကို ပျင်းနေတယ်ကွယ်.. စာကြည့်သော်လည်း စာကမမှတ်မိ.. တွက်စာကြည့်တော့လည်း ဖော်မြူလာက ခပ်မေ့မေ့.. နောက်ဆုံးတော့ library ကစာအုပ်တွေ ငှားပြီး ဖတ်လိုက်တယ်.. (အထင်မကြီးနဲ့နော ကာတွန်းစာအုပ်တွေ) ;)

ကဲ အပိုင်း ၂ လေးဆက်လိုက်ဦးမယ်.. ထမင်းစား အချိုပွဲတည်ပြီးနောက် လမ်းလျှောက်ရင်း ဟိုငေးဒီငေးနဲ့ ထမင်းလုံးစီကြရင်း iWerks Theatre ရှေ့မှာ အားလုံးပြန်ဆုံကြပြန်တယ်.. တန်းစီရတဲ့ အကြောင်းရင်းက 3D movie ကြည့်ဖို့ပေါ့.. ဘုတ်မှာ ကြေငြာထားတဲ့ ပုံတွေကတော့ အများကြီးပဲ.. ရေခဲတောင်တက်တာ၊ ကာတွန်းကား၊ စက်ရုပ်ကား၊ သိပ္ပံကား စသည်ဖြင့်လေ သို့သော် ကြည့်ခဲ့ရတဲ့ ကားက Wales & Dolphin ငါးမျိုးစိတ်တွေကို ပြတဲ့ Documentary ဇာတ်လမ်းဖြစ်နေတယ်.. ကျွန်မတို့ ATT မိသားစု အယောက် ၆၀ ကျော်ကလည်း အလုအယှက်တန်းစီ တာပေါ့..

နေ့လည် ၁ နာရီမှာ စပြမှာဆိုတော့ အားလုံးတန်းစီ 3D မျက်မှန်ကိုယ်စီကိုင်လို့ ကြည့်ချင်လှပြီ အထဲကို ဝင်ချင်လှပြီ.. တခါမှ မကြည့်ဖူးတဲ့ ကျွန်မလို တောသူအတွက်တော့ အထူးအဆန်းပေါ့နော.. အထဲကို ဝင်ခွင့်ရတော့ ကောင်းကောင်းကြည့်လို့ရမယ့် ထိုင်ခုံကိုရွေး မျက်မှန်တပ်ပြီး ဓါတ်ပုံရိုက်တာ..ဘာမှ မကြည့်ဘဲ တပ်ထားရင် တော်တော်လေး မူးပါတယ်.. မီးမှိတ်ပြီး စတင်ပြတဲ့ အချိန်မှာတော့ ဟာ စာလုံးတွေက ထပ်နေပါလားပေါ့ နောက်မှ သတိရတယ် ကိုယ်က 3D မျက်မှန်မှ တပ်မကြည့်တာကို.. မျက်မှန်တပ်လိုက်ချိန်မှာတော့ ကျွန်မက ရေအောက်ကြမ်းပြင်ကို ရောက်နေပြီးတော့ ရေမျက်နှာပြင်က ခေါင်းပေါ်မှာ ငါးမျိုးစုံကလည်း ကိုယ့်ဘေးနားက ပွတ်ပြီးဖြတ်သွားသလိုလို ကိုယ့်ဆီ တည့်တည့်လာနေသလိုလို.. ဝေလငါးတွေရဲ့ အမြီးနဲ့ ရိုက်သွားတော့မယ်ထင်ပြီး မေ့လို့ခေါင်းတောင် ရှောင်လိုက်မိသေးတယ်.. ကလေးလေးတွေဆို လက်တွေဆန့်လို့ လိုက်ထိနေကြတယ်..
more…

08
Jul

ATT ’s Family Day (၁)

ပြီးခဲ့တဲ့ စနေက မေကဆုန်ရဲ့ကိုကို အလုပ်လုပ်တဲ့ co. ရဲ့ family day ကိုလိုက်သွားဖြစ်တယ်.. နေရာက JooKoon mrt နားက Singapore Discovery centre ပါ.. မိဘ၊ ဇနီး၊ သားသမီးကို အခမဲ့ ခေါ်ခွင့်ရပြီး သူငယ်ချင်း မိတ်ဆွေကို ခေါ်မယ်ဆိုရင်တော့ အပိုထပ်ဆောင်းပေးရပါတယ်.. eunos ရုံးချူပ်ကနေ ကားစီစဉ်ပေးထားလို့ မနက်စောစောထပြီး စုရပ်ကို ၈:၄၅ အရောက်သွား ကားပေါ်မှာ အခန့်သား ထိုင်လိုက်ရင်း ဘေးပတ်ဝန်းကျင်ကို ငေးတော့တာပေါ့.. PIE ကနေ မောင်းလိုက်တာ Toa Payoh၊ Bukit Timah၊ Jurong၊ Pioneer မှ Jookoon ကိုရောက်တော့ နာရီဝက်နီးပါး ကားပေါ်မှာ ငိုက်လို့ ကောင်းမှကောင်း..

Singapore Discovery Centre ထဲကိုရောက်တော့ ATT’ s Family Day တခုတည်းလား ဆိုတော့ ဘယ်ဟုတ်မလဲ.. တခြား Co.ရဲ့ Family Day ၂ ခုအပြင် အခကြေးငွေပေးပြီး လာလည်တဲ့ သူတွေက အများကြီး.. car parking မှာလည်း အပြည့်ပဲ.. ATT ရဲ့ မိသားစုဝင်တွေကို ဒီလို တံဆိပ်လေးတွေ ကပ်ပေးပြီး.. theatre hall တခုကို ဝင်ခိုင်းပါတယ်.. လူစုံအောင် စောင့်ရင်း ဂိမ်းကစားဖို့ Guide က စတင်မိတ်ဆက်ပါတယ်..

more…

21
Jun

ကြုံရ ဆုံရ

အဖြေမရှိတဲ့ အပြုံး

ဗုဒ္ဓဟူး.. ညနေပိုင်းမှာ အစ်မမိသားစုက ကျွန်မတို့ခုပြောင်းတဲ့ အိမ်သစ်ကို လာလည်ရင်း ဒူးရင်းသီးလာစားကြပါတယ်.. ကြေငြာဝင်ပေးပါဦးမယ် ဒူးရင်းသီးသယ်အစား Bedok မှာ ဒူးရင်းသီး ၁ လုံးကို ပြား ၅၀ တန်ကနေ စပြီးရောင်းပါတယ်.. ကျွန်မက အနံ့တောင် မခံနိုင်လို့ ဝေးဝေးကရှောင်ပါတယ်ရှင်.. စားသောက်ပြီးလို့ ပြန်ခါနီး အစ်မက သန့်စင်ခန်းလိုက်ရှာတော့ foodcourt အဆုံးမှာ တွေ့လို့ မမက ကျွန်မကို ပိုက်ဆံ ၁၀ပြား လှမ်တောင်းပါတယ်.. ဂိတ်ဝမှာ ထိုင်တဲ့ အဘိုးကြီးက ပိုက်ဆံယူပြီး “where are u from“ တဲ့.. “myanmar“ ဆိုတော့ တချက်စဉ်းစားရင်း “ aww, i know i know. Myanmar is good but Government is no good. They are always thinking Money, Money“ ဆိုပြီး လက်က ပိုက်ဆံရေတွက်တဲ့ ပုံစံမျိုးလုပ်ပြပါတယ်.. ပြောတာက မှန်နေတော့လည်း အဖြေမရှိတဲ့ ကျောင်းသားတယောက်လို ပြန်ပြုံးပြလိုက်မိပါတော့တယ်ရှင်..

နှမချင်း မစာနာသူ

ကြာသာပတေး.. မနက်စောစော အိပ်ရာက နိုးတော့ ဘလော့ဂ်အိမ်လည်ထွက်မယ် စိတ်ကူးရင်း.. ပထမဆုံး ကိုယ့်ဘလော့ဂ်လေးကို ဖွင့် ဘယ်သူတွေလာလည်သွားလို့ ကြည့်ရော အဆင့်အတန်းမရှိ အောက်တန်းကျစွာ ရေးသားထားသော စာသားများကို cbox မှာ တွေ့ရပါတယ်.. ဒေါသလည်း အရမ်းထွက်ပြီး မျက်ရည်တောင်ဝဲမိပါတယ်.. မိခင် နှမသားချင်း မစာမနာရေးထားတာပါ.. ပြီးတော့ ယုတ်မာတာက ရေးသူရဲ့ နာမည် link ကို မန်းသူလေးရဲ့ link နဲ့ ချိတ်သွားတာပါ.. ip ကိုရှာတော့ MM ကလို့ ပြပါတယ်.. မေကဆုန်ရဲ့ ကိုကို နဲ့ နွေးနေခြည်ကို တိုင်ပင်တော့ cbox ကို ခဏဖြုတ်ထား မဖြုတ်ခင် printscreen ဖတ်ထားပြီး ip ကို block လုပ်ခိုင်းပါတယ်.. အကြံပေးတဲ့အတိုင်း လုပ်ထားပြီး ၂ ရက်လောက် cbox ကိုဖြုတ်ထားလိုက်တယ်.. ခုတော့ ပြန်ထည့်ထားပါပြီ..

သောကြာ.. အပြင်မထွက်ဖြစ်ပဲ ကိုကို့အတွက် ဟင်းကိုရှယ်ချက်နေပါတယ်.. :)

အလှူခံ

စနေ.. လာလည်တဲ့ ခဲအိုရဲ့ အမေ၊ညီမတွေပြန်မှာဆိုတော့ ပစ္စည်းတွေကို သွားပေးရင်း sembawang ဘက်ကိုရောက်ခဲ့ပြန်ပါတယ်ရှင်.. နေ့လည် သဘောင်္သီးသုပ်စားပြီး ညနေဘက် မမရဲ့ သူငယ်ချင်းအိမ်က မုန့်ဟင်းခါး ချက်စားလို့ လှမ်းခေါ်ပါတယ်.. သိပ်မကြိုက်တော့ တအိမ်လုံး အိမ်ရှိလူကုန်သွားစားပါတယ်.. ရန်ကုန်မုန့်ဟင်းခါးပါ.. တော်တော်စားလို့ ကောင်းပါတယ်.. ရန်ကုန် ငါးဖယ်ခြစ်လည်း ပါလို့လေ.. (ချက်ပေးတဲ့ အန်တီ ကျေးဇူးပါရှင်).. စားပြီး ၉ နာရီခွဲခါနီးလို့ ပြန်မယ်ဆိုတော့ ခဲအိုညီမတွေက သူတို့လည်း လိုက်မယ်.. mrt နားက sun plaza မှာ ဈေးလိုက်ဝယ်မယ်ဆိုရင်း စကားတပြောပြောနဲ့ ထွက်လာကြတယ်.. လမ်းမှာ ကျွန်မတို့ မျက်နှာချင်းဆိုင်မှာ ကုလားတယောက်က ဖုန်းပြောရင်း လမ်းလျှောက်လာပါတယ်.. အနားလည်းရောက်လို့ ဖုန်းပြောတာကို ရပ်ပြီး မျက်နှာငယ်လေးနဲ့ သူက clementi ကိုပြန်စရာ ပိုက်ဆံမရှိလို့ပါဆိုပြီး ပိုက်ဆံတောင်းပါလေရော.. အံ့သြသွားတယ် ဒီမှာ ပထမဆုံး ပိုက်ဆံတောင်းတာ ကြုံဖူးတာပါ.. အလည်လာတဲ့ အစ်မတွေကလည်း သြော် အဲလိုတောင်းတာလည်း ရှိတယ်လားတဲ့ .. ကျွန်မလည်း ခုမှ တွေ့ဖူးတာလို့.. ကျွန်မတို့က မပေးနိုင်ဘူးပြောတော့ ကုလားက ခပ်အေးအေးပဲ ထွက်သွားပြီး အရှိန်မပြတ် ဖုန်းဆက်ပြောသွားပါတယ်..

ဒီတပတ်ကြုံတွေ့သမျှပါရှင်.. ပျော်ရွှင်ချမ်းမြေ့ပါစေ

11
Jun

၂၀၀ ၅၀၀ ၈၀၀ ၁၀၀၀

သံပုရာသီး ၁လုံး ၂၀၀၊ ငရုတ်သီးစိမ်း လက်တဆုပ်စာ ၂၀၀၊ ရှောက်သီး တလုံး ၈၀၀၊ သဘောင်္သီး တလုံး ၅၀၀၊ ကန်စွန်းရွက် ၁စည်း ၁၀၀၊ နံနံပင် တစည်း ၂၀၀၊ ဆူးပုပ်ရွက် လက်မအရွယ် တစည်း ၁၀၀၊ သခွားသီး တလုံး ၁၀၀၊ ချဉ်ပတ်အစုံ အနဲဆုံး ၂၀၀ ဖိုးမှ၊မရမ်းသီး ၁၀လုံးကို ၄၀၀၊

မုန့်ဟင်းခါးအလွတ် ၁ပွဲ ၂၀၀၊ အစုံ ၅၀၀ ကျော်၊ ရခိုင်မုန်တီ ၁ပွဲ ၂၀၀ ၊ အကြော်နဲ့ဆို ၃၀၀၊ ငါးဖယ်ပါ ၅၀၀၊ မုန့်တီသုပ် အကြော်မပါ ငါးဖယ်နဲ့ ၅၀၀၊ ခေါက်ဆွဲသုပ် ကြာဇံသုပ် အလွတ် ၃၀၀၊ ပြောင်းဖူးပြုတ် ၂ ဖူး ၅၀၀၊ငွေပင်လယ် ငါးမုန့်ကြော်  ၁ထုပ် ၅၀၀၊ အအေး ၁ပုလင်း ၃၀၀၊ ရေသန့် ၁ဗူး ၄၀၀၊ ကော်ဖီ လက်ဖက်ရည် ၁ခွက် ၃၀၀ (သာမာန်လမ်းဘေးဆိုင်)၊ နေကြာစိတထုတ် ၂၀၀ ၅၀၀၊

ဝက်သားတုတ်ထိုး ၁ချောင်း ၂၀၀ (တရုတ်တန်းမှာ)၊ ချောင်းသာမှာက ၅၀ ကျပ်၊ ငါးကင် ၁ကောင် လက်တဝါးစာကို ၅၀၀ မှအထက်၊ ပုဇွန်ကင် ၅ ချောင်းကို ၅၀၀၊ ချောင်းသာထိုးမုန့် ၆ချပ်ကို ၁၀၀၀၊ လက်ဖက်သုပ်တပွဲ ၅၀၀၊ အုန်းရေ ၁လုံးကို ၅၀၀၊ ဘောကွင်း ၁ကွင်းကို ၅၀၀၊ ခရုပုံပါ ကီးချိန်း ၁ခုကို ၅၀၀၊ အုန်းလက် ဦးထုပ် ၃လုံးကို ၅၀၀၊ ဟိုနားဒီနားသွား ဆိုက်ကား၁ခါစီး ၅၀၀……

၂၀၀ ၅၀၀ ၈၀၀ ၁၀၀၀……………………..

ချဲထီ ၃လုံး ဂဏန်းပေးတာ ဟုတ်ဖူးနော်.. မြန်မာပြည် ပြန်တုန်းက ဘာဝယ်ဝယ် အနဲဆုံး ၂၀၀ကျပ် ၅၀၀ကျပ် ပေးရတဲ့ အကြောင်းလေး ပြောပြချင်မိတာပါ.. မှတ်မိသလောက်ရေးထားတာ.. လက်ထဲမှာ ပိုက်ပိုက် ထည့်ထားရင် ၂ ရက်ကြာရင် ကြည့်လိုက်တော့ ပိုက်ပိုက်အိတ်က ပြားချပ်ချပ် သီချင်းကို ဆိုနေပြီ.. :) စဉ်းစားကြည့်တော့ ရန်ကုန်က လူတော်တော်များများဟာ ပိုက်ဆံသုံးနိုင်ကြတာပဲ.. အုပ်လိုက်သုံးနိုင်တဲ့သူ တော်တော်များလို့ပါ.. ဒါ့ပြင် တောင်းတဲ့သူတွေကလည်း ပိုပိုများလာပါတယ်.. မီးပွိုင့် ကားဂိတ် ဈေး နေရာအစုံပါပဲ..

ကျွန်မအဖြစ် ရယ်စရာလေးပြောပြဦးမယ်.. ချောင်းသာကအပြန် လမ်းမှာ ခဏရပ်ပြီး ထမင်းစားကြတယ်.. စားပြီးလို့ ကားမေါ်ပြန်အတက် ကားနားမှာ ပေါင်တဖက်မရှိတဲ့ ဦးလေးကြီးက အလှူခံနေတော့ အချဉ်ထုပ်ဝယ်လို့ ပြန်အမ်းထားတဲ့ ၁၀တန် ၅ရွက်ကို ထည့်လိုက်မိတယ်.. သူကလေ ကျွန်မကို ဘုကြည့်ကြည့်တယ်.. သူငါ့ကို ဘာလို့ကြည့်တာလဲလို့ ချက်ချင်းစဉ်းစားလို့မရဘူး.. နောက် သတိရသွားတာနဲ့ သူ့ဖလားထဲကို ကြည့်တော့မှ ပိုက်ဆံက အနိမ့်ဆုံး ၁၀၀ကျပ်တန်ပဲ.. အဟဲ ဒီတော့မှ သဘောပေါက်သွားပြီး အကြွေထပ်ရှာတာ မရှိတာနဲ့ ၂၀၀ ကျပ်တန် ထပ်ထည့်လိုက်ရပါလေရော..

နောက်တခုက ကလေးငယ်ငယ်လေးတွေ စားဝတ်နေရေးအတွက် ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ပြောဆိုပြောင်းလဲတတ်တာကိုပါ.. ချောင်းသာကနေ ကျောက်မောင်နှမကို သွားတော့ မရောက်ခင်လေးမှာ မော်တော်ဆိုင်ကယ်ကို ထားခဲ့ရပါတယ်.. ခြေလျှင်နဲနဲ ဆက်လျှောက် သွားရပါတယ်.. ဆိုင်ကယ်ထားတဲ့နေရာက ကလေး ၂ ယောက်က ကျွန်မလက်ကိုလာတွဲပြီး သူတို့ပါ လိုက်ပို့မယ်ဆိုတော့ လိုက်ခဲ့ပေါ့.. ကျွန်မရဲ့ကိုကိုက ဓါတ်ပုံရိုက်နေတာနဲ့ သတိတောင်ထားမိပုံမရပါဘူး.. နောက်တော့ ကျွန်မနဲ့ အဲဒီ ကလေး၂ယောက်နဲ့ တွဲပြီး ဓါတ်ပုံရိုက်ဖြစ်တယ်.. ကလေး ၂ ယောက်ထဲက ၁ယောက်က ရေစိုပြီး ငိုပြန်သွားပါတယ်..

ကျောက်မောင်နှမရောက် ဓါတ်ပုံရိုက်ပြီးပြန်တော့ ဆိုင်ကယ်ထားတဲ့နေရာလည်း ရောက်ရော ခုနကလေး၂ယောက် လာပြောပါတယ်.. ဆိုင်ကယ်ထားခနဲ့ လိုက်ပို့ခ ၅၀၀စီပေးပါတဲ့.. ဆိုင်ကယ်ကလည်း သူတို့တဲနားမှာ ထားခဲ့တာလည်း မဟုတ်.. ကျွန်မ့ကိုကိုက ၂ခုပေါင်း ၅၀၀ ပဲပေးမယ်လို့ပြောသေးတယ်.. မရဘူးနောက်က အတင်းလိုက်တောင်းနေလို့ နောက်ဆုံး မနက်စောစော အလှူလို့ပဲ သဘောထားပြီး ပေးလိုက်ပါတယ်.. ကလေး ၂ယောက်ရဲ့အသက်က စကားပြောတတ်ခါစ ၂-၃နှစ်ကျော်ပဲ ရှိပါဦးမယ်.. သူတို့နေတယ်လို့ ထင်မိတဲ့ တဲရှေ့မှာတော့ ယောကျာင်္းကြီး ၂ယောက်က ဆေးလိပ်ဖွာနေပြီး မိန်းမ ၂ ယောက်က သန်းဥရှာဖွေရေး ဆင်းနေပါတယ်.. သြော်… ကိုယ်တွေထက်ပိုပြီး အေးဆေးတဲ့ဘဝကို ပိုင်ဆိုင်ကြပါတယ်..

ဈေးနှုန်းတွေအကြောင်းရေးနေရင်းက လမ်းကြောင်းတွေ လွှဲကုန်ပြီနော်.. ဆောရီးပါရှင်

17
Apr

အိမ်နားက သင်္ကြန်မြင်ကွင်း

ရန်ကုန် သင်္ကြန်ကို မလည်ဖြစ်လို့ ဓါတ်ပုံများများ မတင်နိုင်ပါဘူး.. အိမ်နားဝန်းကျင်မှာ ခဏတာ ထွက်ကြည့်တုန်း ရိုက်ထားတာလေးပဲ တင်ပေးပါမယ်..

ကျွန်မတို့ အိမ်ရှေ့မှာ T Home မဏ္ဌပ် ရှိပါတယ်.(စာလုံးပေါင်းမှားရင် ခွှင့်လွှတ်ကြပါ) ပေ ၃၀၀ ကျော်ရှည်ပါတယ်.. ကျွန်မ ရန်ကုန်ပြန်ရောက်တဲ့နေ့ ၂၇ ရက်နေ့က စပြီးဆောက်ပါတယ်.. သစ်အပါ စင်ဆောက်ခ၊ ပြန်ဖျက်ခ ကို သိန်း ၄၀၀ ကျော် ပေးရလို့ သိခဲ့ရပါတယ်.. မနှစ်က Alpine + IC band နေရာကို ယူလိုက်တာ.. နေရာက ကမ္ဘာအေးဘုရားလမ်းမပေါ် ကုက္ကိုင်းမီးပွိုင့်အနီးမှာ.. သိသာအောင် ပြောရရင် အန်တီစု အိမ်ရှိတဲ့ လမ်းထိပ်နားမှာပါ.. တော်တော်လေး စည်ပါတယ်.. ဒါပေမဲ့ မနှစ်က IC ပရိသတ်ရဲ့ တဝက်လောက်တောင် မမှီပါဘူး.. သင်္ကြန်ရက်တွေမှာ ၁ လမ်းမောင်းစနစ်ဖြစ်သွားပါတယ်.. အဆိုတော်တွေက ချစ်ကောင်း သျှီ ကြိုးကြာ ရွှေထိုက် ပြည့်ဖူးခိုင် ပူစူး အစိုင်း ကော်ဘရာ ဖိုးကာ ဖြိုးကြီး နဲ့ စိုင်းစိုင်းရဲ့ ညီမ ရင်းရင်း၊ တခြား အကအဖွဲ့တွေလည်း ပါပါတယ်..

လည်ပတ်တဲ့သူတွေ ရေပက်ခံကြတဲ့သူတွေ ရေပက်ကြတဲ့သူတွေ တော်တော်များများဟာ ချမ်းလို့ နွေးအောင်လို့ ပျော်လို့ကောင်းအောင်လို့ အကြောင်းပြချက်များစွာနဲ့ ပုလင်း၊ဗူးတွေကို ပေါ်တင်ကိုင်ကာ မူးနေကြတာ ကြည့်ရဆိုးလွန်းပါတယ်.. ကဲ ဓါတ်ပုံလေးတွေ ကြည့်ရအောင်..

DSC_1140.JPG
ဒရိုင်ဘာတော့ ဘယ်လိုမောင်းလဲ မသိ.
DSC_1138.JPG
အားလုံးကို ခေါ်ကာ စုံအောင်လျှောက်လည်မယ်

more…