01
May

မေလဖွား မွေးနေ့ရှင်များ

မေလအတွင်းမှာ ကျရောက်မည့် မွေးနေ့ရှင်အပေါင်းကို ကြိုတင်ပြီး ပျော်ရွှင် စိတ်ချမ်းသာစရာကောင်းသော ရက်မြတ်လေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်..

ကျွန်မ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေထဲမှာ မေလမွေးဖွားသူ တော်တော်များပါတယ်..  မှတ်မိသလောက် ရေးကြည့်မိတော့

(မေလ ၁ရက်)မွေးဖခင် အဖေ ၊

(မေလ ၆ရက်)သူငယ်ချင်း အောင်ဘိုဘိုသော်၊နောက်  ကျွန်မရဲ့မွေးနေ့ပေါ့နော်..

(မေလ ၇ရက်)မှာက သူငယ်ချင်း ဆန်းဆန်းကြည်၊ ဇွန်ဖြူချစ်စော၊ ကျွန်မ အရမ်းကြိုက်တဲ့ သရုပ်ဆောင် ကိုသားကြီး(ဒွေး)၊လူမင်း၊မခိုင်ကြီး၊

(မေလ ၈ရက်) သူငယ်ချင်း ရည်မွန်

(မေလ ၁၆ရက်) သူငယ်ချင်း မြတ်အိမွန်

(မေလ ၁၈ရက်) မခိုင်သီရိဝင်း

(မေလ ၂၉ရက်) ကျွန်မရဲ့ ယောက္ခထီး အဖေ

(မေလ ၃၁ရက်) ဒေါ်အိမေဇင်

နောက်ပြီး ရက်မမှတ်မိတော့တဲ့ မမေဇင်မျိုး နှင့် မေလဖွား ဘလော့ဂ်ရေးတဲ့ လာလည်ဖတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမများ အပါအဝင် အားလုံးကို မွေးနေ့ဆုတောင်း လက်ဆောင်ပေးပါတယ်နော်..

“မွေးနေ့မှသည် နောင်မွေးနေ့ပေါင်းမျာစွာအထိ၊ မိမိအကျိုး၊ မိသားစု အကျိုး၊ လူအများအကျိုး၊ တိုင်းပြည်အကျိုးကို များစွာဆောင်ရွက်နိုင်တဲ့ လူကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားနိုင်ပါစေ၊ အောင်မြင်နိုင်ပါစေ၊ ကျန်းမာပြီး စိတ်ချမ်းသာစွာ အိပ်ပျော်နိုင်ပါစေ.. ပျော်ရွှင်ဖွယ် မွေးနေ့ပေါင်းများစွာကို ချစ်သောသူများနှင့် နှစ်တိုင်းကျင်းပနိုင်ပါစေ.. .အောင်မြင်မှုတွေနဲ့အတူ ပျော်ရွှင်ကြည်နူးသော  ဘ၀တစ်ခုကိုပိုင်ဆိုင်ပါစေ… သူတော်ကောင်း တရားထူး တရားမြတ်များ ကျင့်ကြံပွားများကာ နိဗ္ဗာန်သို့တိုင်အောင် မျက်မှောက်ပြုနိုင်ပါစေ.. “

30
Apr

အဖေ့အတွက် ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ

2291398224_00d4788834

ပျော်ရွှင်စရာကောင်းသော ရက်လေးတရက်ဖြစ်ပါစေ.. ဖေဖေ

အဖေက မေလ ၁ ရက်၊ မြန်မာလို ကဆုန်လပြည့်နေ့ ဆုံတဲ့(၁၉၄၉)နှစ်မှာ မွေးဖွားခဲ့တာပါ.. ခုနှစ်က အသက် ၆၀ ပြည့်မွေးနေ့လေးပါ..

ခုချိန်မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အေးမြငြိမ်းချမ်းသော ဘုရားရိပ်တရားရိပ်မှာ ခိုလုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် အဖေ

26
Mar

မွေးနေ့လေး တနေ့

ကိုကို ပျော်ရွှင်စရာ စိတ်ချမ်းသာစရာ ရက်လေး တရက်ဖြစ်ပါစေ.. 28.3.2009 မှာကျရောက်မည့် မွေးနေ့မှသည် လိုချင်သောအရာ ဖြစ်ချင်သောဆန္ဒ တောင့်တမိသောစိတ် ဝါသနာပါရာ ဆောင်ရွက်သမျှကိစ္စ အားလုံး ပြည့်ဝ ပြည့်စုံသော ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ.. စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ချစ်သောသူများနဲ့လည်း စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ပါစေ..

Happy Birthday ကိုကို!

Birthday Present

14
Mar

မွေးနေ့ရှင်

ပျော်ရွှင်စရာရက်လေး တရက်ဖြစ်ပါစေ.. လဲ့ယဉ်ဝင်း
ချစ်သောသူများနဲ့လည်း စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ပါစေ..(မိသားစုကို ပြောတာနော်) :)

Happy Birthday!

Birthday Present

01
Mar

Happy Birthday

မွေးနေ့ ရှင် ကိုဇေယျာ

ပျော်ရွှင်စရာ မွေးနေ့ လေး ဖြစ်ပါစေ…ဖြစ်ချင်နေတာတွေလည်း မြန်မြန်ပြည့်ဝပါစေ..

ဟွန်း မွေးနေ့ပွဲလုပ်မယ်လို့လည်း မကြားရသေးပါလားနော်… :P

Birthday Present

21
Feb

မွေးနေ့ လက်ဆောင်

မွေးနေ့ ရှင် မရွှေရည်

ပျော်ရွှင်စရာ မွေးနေ့ လေး ဖြစ်ပါစေ…

( ကိုဇေယျာ မှ မရွှေရည်ကို လက်ဆောင်ပေးနေသော ပုံ) တခြားဘာပေးလဲဆိုတာတော့ ဆင်ဆာဖြတ်ထားသည်. :P

Birthday Present