15
Jan

သင်သေသွားသော်

သြော်… လူ့ပြည်လောက လူ့ဘဝကား

အိုရ နာရ သေရဦးမည်

မှန်ပေသည်တည့်၊၊

သို့ပြီးတကား သင်သေသွားသော်

သင်ဖွားသောမြေ သင်တို့မြေသည်

အခြေတိုးမြင့် ကျန်ကောင်းသင့်၏၊၊

သင်ဦးချရွေ့ အမျှဝေရာ

စေတီသာနှင့် သစ္စာအရောင်

ညဏ်တန်ဆောင်လည်း

ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း…

(ဆရာဇော်ဂျီ)

31
Dec

Twenty Ten

This New Year I Wish for you all…
12 Month of Happiness,
52 Weeks of Fun,
365 Days Success,
8760 Hours Good Health,… See More
52600 Minutes Good Luck,
3153600 Seconds of Joy…
Have a Great Year ahead!

Happy & Healthy New Year 2010!!!!

သဗ္ဗေသတ္တာ =သတ္တ၀ါမှန်သမျှ
အဝေရာ ဟောန္တု=ဘေးရန်ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု= စိတ်ဆင်းရဲကင်းကြပါစေ။
အနီဃာ ဟောန္တု= မိမိကိုယ်ကို ချမ်းသာစွာဆောင်နိုင်ကြပါစေ။
ဒုက္ခာ မုစ္စန္တု =ဆင်းရဲခြင်းမှလွတ်ကင်းကြပါစေ။
ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =ရပြီးသားစည်းစိမ် ချမ်းသာမှ မကင်းကွာ မယုတ်လျော့ကြပါစေနှင့်။
ကမ္မဿကာ =မိမိ၏ ကောင်းမှု မကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြပါတကား။

မြန်မာပြည်သူပြည်သား အားလုံးနှင့် သက်ရှိ သက်မဲ့ ချစ်သူ ခင်သူ မိတ်ဆွေ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် ရန်သူ မခွဲခြားဘဲ ဘေးဥပဒ် ကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဆောင်ရွက်သမျှ ချောမောပြီး မင်္ဂလာ ရှိတဲ့ နှစ်လေး တနှစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ..

Bye Bye 2009!!!

30
Dec

Saw Harris ’s 1m Birthday

မင်္ဂလာပါခင်ဗျာ..

သားသားနာမည်က Saw Harris လို့ခေါ်ပါတယ်.. သားသားမွေးနေ့က ၂၆.၁၁.၂၀၀၉ ကြာသာပတေးနေ့ နံနက် ၈း၄၃ မိနစ်မှာ ဒီကမ္ဘာကြီးထဲကို စတင် မိတ်ဆက် ဝင်ရောက်လာခဲ့ပါတယ်.. အားလုံးဟာ သားသားအတွက်တော့ အထူးအဆန်းချည်းပါပဲ.. ဖေဖေက မေမေ့ကို ပြောတဲ့အသံကြားလိုက်တယ်.. သားသားက မွေးစက ဝတုတ်လေးတဲ့ ၈ပေါင် ရအောင်စခွဲတဲ့.. အရမ်းလည်း လိမ္မာတယ်တဲ့.. သူနာပြုဆရာမကြီးတောင် ရိုက်စရာမလိုဘူးတဲ့… မေ့ဗိုက်ထဲက ထွက်တာနဲ့ “အူဝဲ“ လို့ တန်းငိုတာဆိုပဲ..

သားသားရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေက ၃ နာရီခြားတခါ နို့သောက်တယ်.. ၆ နာရီခြားတခါ အီးအီးပါတယ်.. သားက ငိုပါဘူး.. မေမေ စိတ်ညစ်မှာ စိုးလို့.. သား နို့ဆာတဲ့ အချိန်နဲ့ အဝတ်တွေ လဲခိုင်းချင်တဲ့ အချိန်မှာပဲ ခဏလေး ငိုသံပေးတယ်.. မေမေက သားဘာလုပ်ချင်လဲဆိုတာ အကုန်သိတယ် သိလား….. သားက နေကောင်း ကျန်းမာတော့ အပြင်ကို အလည်ထွက်လို့ ရပီ.. Orchard က X’mas လည်း လည်းပြီးပြီ.. မီးလုံးလေးတွေ အရုပ်လေးတွေက သိပ်လှတာပဲနော်… သားက နောက်နှစ်ဆို လမ်းလျှောက်ပြီး လျှောက်ကြည့်ရတော့မယ် ပျော်လိုက်တာ…

သားမှာ ဦးဦးက ၁ယောက် အန်တီလေးက ၂ယောက်တောင် ရှိတယ်လေ.. ဦးဦးက သားကို ခဏခဏချီတယ်.. ဓါတ်ပုံတွေလည်း အများကြီး ရိုက်ပေးတယ်.. သားက မိသားစုလိုက် ဓါတ်ပုံရိုက်ရတာ သဘောကျတယ် ပျော်စရာကြီးနော်.. သားကြီးလာရင်လည်း ဦးဦးကို အများကြီး ထက်ရိုက်ခိုင်းမယ်.. အန်တီလေးကတော့ သားကို ဗီဒီယိုပဲ ရိုက်တာများတယ်.. သား အီးညစ်နေတာတို့.. နို့သောက်တာတို့.. ဆော့နေတာတို့.. ခု သား ၁ လပြည့်တော့ ဂတုံးတုန်းတာပါ ၇ိုက်ထားတယ်.. ပြီးရင် ပြန်ကြည့်ပြီး မေမေနဲ့ ရယ်နေကြရော ..  အန်တီလေးကတော့ သားကို ဘာနာမည်တွေ ခေါ်မှန်းတိပါဝူး.. အစုံပဲ.. အိမ်နာမည် ဘိုဘိုတဲ့ .. တခါတလေ သားဂျီကျရင် ဂျာရစ်တဲ့.. ဘုန်းကြီးပေါက်စ ဆိုတာလဲ ပါသေး.. သားက အန်တီလေး ချီရင် ကြောက်တယ်.. အန်တီလေးက ပိန်ပိန်လေး.. သား ပြုတ်ကျမှာ ကြောက်တော့ သားက တောင့်ထားရတယ်.. အန်တီလေးကလည်း တူတူပါပဲ.. ကြောက်လို့ ခုထိ မချီသေးဘူး..

သားက အိပ်လိုက် နို့သောက်လိုက် ပါလိုက်နဲ့ နေ့ရက်တွေကို ဖြတ်သန်းလာခဲ့တာ ခုဆို သားသား ၁ လပြည့် မွေးနေ့ကို ရောက်ပါပီ ခင်ဗျာ..

သားသား ဓါတ်ပုံလေးတွေ ကြည့်ရင်း နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းကြမယ်နော်..

4
5
621783
(မေကဆုန်ရဲ့ တူလေးပါရှင်)
05
Dec

အရင်က ဆောင်း

ငါ့တိုင်းပြည်လေးမှာ…
သစ်မြစ်တွေကိုတောင် ငါချစ်တယ်…
တကယ်လို့
အကြိမ်ပေါင်းတစ်ထောင် သေရင်….
အဲဒီမှာပဲငါသေချင်တယ်
တကယ်လို့
အကြိမ်ပေါင်းတထောင် ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်။

နီရူဒါ

ဘာလိုလိုနဲ့ ဆောင်းတွင်းတောင်ရောက်ပြီ.. သူငယ်ချင်းတွေရဲ့ blog စာမျက်နှာတွေမှာ ဆောင်းတွင်းအကြောင်းတွေ ရေးကြ လွမ်းကြတော့ အရင်ကဆောင်းကို သတိရလာတယ်။မွေးပြီးလူမှန်းသိတတ်စအရွယ်ရောက်တော့ ဆောင်းတွင်းကို စပြီးသတိထားမိလာတယ်။ အသက် ၄ - ၅ နှစ်လောက်ပေါ့ .. ဆောင်းတွင်းက ဖောင်ကြီးဆိုတဲ့ ဇာတိရွာလေးမှာ .. ရန်ကုန်နဲ့ ၄၈ မိုင်လောက်သာဝေးပေမယ့် ပဲခူးရိုးမတောင်ခြေမှာရှိလို့ အချမ်းဓါတ်က ရန်ကုန်နဲ့တော့မတူပါဘူး.. ရန်ကုန်ဆောင်းက စောင်မခြုံရပေမယ့် ရွာမှာတော့တော်တော်လေးအေးပါတယ်။

ညဘက်ရောက်ရင် အဖိုး၊အဖွား၊ နဲ့ မောင်နှမ၀မ်းကွဲတွေစုပြီး မီးလှုံကြပါတယ်.. မီးဖိုကိုဇလုံကြီးတခုထဲမှာ နေ့ခင်းက ကျွန်တော်တို့ခလေးတွေ ကောက်ထားတဲ့ သစ်ပေါက်စတွေ ၊ ၀ါးဆစ်ပိုင်းတွေ ထည့်ပြီးဖိုပါတယ်။ ၀ါးဆစ်ကမီးတောက်မြန်ပေမဲ့သတိတော့ထားရတယ်.. နှစ်ဖက်ပိတ်ဝါးဆစ် ဆို အခန့်မသင့်ရင်ထပေါက်တတ်လို့။ သစ်နဲ့ဝါး ထွက်တဲ့ဒေသဆိုတော့ မီးစာမရှားပါဘူး… ။ မီးဖိုဘေးပတ်ပတ် လည်မှာထိုင်းပြီးစကားတွေပြောကြ မုန့်တွေစားပေါ့။ ညဘက်ထွက်ရောင်းတဲ့ မုန့်ဖက်ထုတ်နဲ့ ပြောင်းဖူးပြုတ် က ညလည်စာပေါ့.. ပြောင်းဖူးက ရွာနီးနားကကိုင်းတွေမှာစိုက်တာဆိုတော့ လတ်လည်းလတ် ချိုလည်းချိုတယ်.. ။

ရန်ကုန်နဲ့နီးပေမယ့် ရွာလိုပါပဲ.. အဲဒီ မိုးလေကင်းလွတ်တဲ့ဆောင်းတွင်းဆို ဇာတ်ပွဲတွေစ၀င်ပါပြီ.. ၊ ပွဲကြည့်တာဝါသနာမပါတော့ ပွဲဈေးတန်းကို ညီကိုတွေ သွားပြီးမုန့်ဝယ် ပြီးတော့အိမ်ပြန်ယူလာပြီး မိသားစုတွေစားကြတယ်..၊ ခုထိသတိရတဲ့မုန်က မုန့်လေပွေ ၊ ၀ယ်လားပြီးတော့တော့နဲနဲအေး သွားရင် ဖိုထားတဲ့မီးဖိုမှာ ၀ါးတန်လေးတွေညှပ်ပြီးပြန်ကင် ပြီးတော့တဖဲ့ချင်းစား။ နောက်တစ်ခုက ကောက်ညှင်းကျီတောင့် ..၊ အဖွားလေးက မြန်မာမုန့် မျိုးစုံလုပ်တတ်တယ်၊ မနက်ပိုင်းဆန်တွေကိုရေစိန် ၊ အုန်းသီးတက်တဲ့သူကခြံထဲမှာရှိတဲ့အုန်းပင်ပေါ်တက်ခူး ။ ညရောက်တော့ မီးဖိုဘေးမှာ ကောက်ညှင်းကျီတောင့်လေးတွေထောင်ပြီးမီးကင်၊ ကျက်ပြီဆို ခြစ်ထားတဲ့ အုန်းသီးစိမ်းနဲ့မိသားစုတွေ တပျော်တပါးစားကြတာပေါ့။

အဖေနဲ့အမေကရန်ကုန်မှာရုံးတက်တာဆိုတော့ ကျွန်တော်တို့ကအဖွားတွေ  အဖိုးတွေနဲ့ပဲကြီးပြင်းလာခဲ့ရတာ။ ရွာကခြံကအကျယ်ကြီးမဟုတ်ပေမဲ့ သီးပင်စားပင်တော့တော်တော်စုံတယ်။ အထူးသဖြင့် သရက်နဲ့ အုန်းပင်က အများဆုံးပေါ့… အဘွား (အဖွားရဲ့အမေ) က သူ့မြေးတွေမွေးရင် အုန်း ၂ ပင် သို့မဟုတ် ၃ ပင်လောက်စိုက်တယ်။

ရွာမပြန်ဖြစ်တဲ့နှစ်တွေဆိုရင်တော့ ရန်ကုန်ဆောင်းကိုကြုံတာပေါ့… ရန်ကုန်ဆောင်းရဲ့အမှတ်တရ ကတော့ မနက် ၄ နာရီ ခွဲလောက်ထပြေးကြတယ်၊ သူငယ်ချင်းတွေနဲ့ပေါ့.။ ဆောင်းရောက်ခါနီးဆို အမေ့ဆီမှာမုန့်ဖိုးတောင်း ပြီး လမ်းထိပ် ကျော်စိန် ဖိနပ်ဆိုင်က ကင်းဘတ် ဖိနပ်လေးဝယ်ပြီး ပြေးဖို့ ဟန်ရေးပြနေတာ၊ သူငယ်ချင်းတွေကပြေးကျင့်ရှိတဲ့သူတွေဆိုတော့ အိမ် (လှည်းတန်း) ကနေ ရွှေတိဂုံဘုရားထိပြေးတယ်။ ကိုယ်လည်းပြေးမယ်ပေါ့ .. တကယ်တန်းလည်းစပြေးရောအလေ့အကျင့်မရှိတော့ ဟံသာဝတီဝိုင်းမှာတင်ကျန်ခဲ့တယ်။

အသက်တွေကြီးလာပြီး ကိုယ်ရွေးခြယ်တဲ့ဘ၀လမ်းခရီးကိုကိုယ်လျှောက်ခဲ့ပြီ။ ဒါပေမယ့်ဆောင်းတွင်းရောက်ရင်တော့ကိုယ့်မွေးရပ်မြေကိုပိုလို့ သတိရမိတယ်..


သုခအောင်

29
Nov

နတ်ကတော်လုပ်နည်း =)

နတ်ကတော်လောကတွင်ကျင်လည်ရိုက်စား နတ်ကတော်ကြီးများရှေ့
ထွန်ကျူးသည်မဟုတ် ပါ သိသမျှရေရသော် နတ်ကတော်လုပ်နည်း နိဿရည်းကား ..

၁) အရူးထောင်လဲ အရောက်လှမ်းရမည် ၊ မမူးအောင်လဲအသောက်ကျွမ်းရမည် ။

၂) ကနားထိန်းကိုလဲ အဖားရမည် ၊ အသားစိမ်းကိုလဲ စားရမည် ။

၃) နတ်ဆိုင်းဆရာကိုလဲ အတီးကောင်းအောင်ကပ်ရမည် ၊ နတ်သမိုင်းစာကိုလဲ အရွီးကောင်းအောင် ဖတ်ရမည် ။

၎) လျှာထွက်အောင်လဲ အပြောမြိုင်ရမည် ၊ အသပြာထွက်အောင်လဲ အဟောပိုင်ရမည် ။

၅) အပြောကျင့်က တစ်မနက်တည်းနှင့် မောနိုင်သည် ၊ အဟော သင့်က တစ်ချက်တည်းနှင့်ထောနိုင်သည် ။

၆) လေချဉ်ဆိုးကိုလဲ မထအောင် ကြံတတ်ရမည် ၊ ရေစင်ဖိုးကိုလဲ ရအောင် ဖန်တတ်ရမည် ။

၇) သရဲလိုခြောက်ပြီး ကျားလောက်လဲ လျင်ရမည် ၊ ဆဲဆိုငေါက်ပြီး စားပေါက်လဲထွင်ရမည် ။

၈) အဆန်းထွှင်ကာ ဓါးစတန့်လဲ ပြရမည် ၊ ရှမ်း ကရင် ဗမာ ကုလား ဒန့်စ်လဲ ကရမည် ။

၉) ပွေးမန်းလဲ တတ်ရမည် ၊ အပေးအကမ်းလဲ ဖြတ်ရမည် ။

၁၀) လောင်းကစားလဲ နွှဲရမည် ၊ အတောင်းအစားလဲ ရဲရမည် ။

၁၁) ဇာတ်ခုံပေါ်လဲ ကြောင်ရဲရမည် ၊ နတ်ပုံတော်လဲ ပေါင်ရဲရမည် ။

၁၂) ယတြာကိုလဲ ဆောင်ရမည် ၊ ပ၀ါကိုလဲ ပေါင်ရမည် ။

၁၃) ဒေါင်းဖဲကိုလဲ ကပ်ထားရမည် ၊ ဗလောင်းဗလဲကိုလဲ တတ်ထားရမည် ။

၁၄) ဂါတ်စာရေးလာမှ အာမခံရသည် ၊ နတ်မေးလာမှ ဆာသမျှနှံရသည် ။

၁၅) အရပ်နူး ကိုလဲ အတည့်တွေးရမည် ၊ နတ်ရူးကိုလဲ တပည့်မွေးရမည် ။

ဒါ့ကလောက် တတ်လျှင်ဖြင့် ဘ၀တစ်သက်တာ ငတ်စရာမရှိ ကြီးပွားဖို့သာရှိကြောင်း ကျွန်ုပ်က ရဲရဲကြီး အာမခံပါသည်။
နတ်ကတော်လောကတွင်ကျင်လည်ကျက်စား သာမန်နတ်ကတော်များထက် တစ်ကွက်သာစေရန်
ဆောင်ရန်နည်းလမ်းများကိုလဲ အရူးချေးပန်း ပရမ်းပတာ ရှင်းပြပါဦးမည် ။

၁) ကြက်သားကိုလဲ အုပ်ရမည် ၊ ၀က်သားကိုလဲတုတ်ရမည် ။
ကြက်သားကို အုပ်မှ ကြက်ငှက်တုပ်ကွေးဖြစ်နိုင်သည် ၊ ၀က်သားကို တုတ်မှ ၀က်ပုပ်ကလေးဖြစ်နိုင်သည် ။

၂) ပရမ်းပတာလဲ ပြောရမည် ၊ လမ်းမှာလဲဟောရမည် ။
ပရမ်းပတာ ပြောမှ အဟုတ်ထင်သည် ၊ လမ်းမှာ ဟောမှအလုပ်တွင်သည်။

၃) ငါးခြောက်ကိုလဲ ကြော်ရမည် ၊ အခြောက်လိုလဲ ပျော်ရမည် ။
ငါးခြောက်ကိုကြော်မှညှော်မိသည် ၊ အခြောက်လိုပျော်မှ အဖေါ်ရှိသည် ။

၎) လင်ကိုလဲ ညာတတ်ရမည် ၊ အချဉ်ကိုလဲ ရှာတတ်ရမည် ။
လင်ကိုညာတတ်မှ မိုက်လို့ကောင်းသည် ၊ အချဉ်ကို ရှာတတ်မှ ရိုက်လို့ကောင်းသည်။

၅) ဒိုင်ခံစရာ ကျပ်ငွေ အပိုလဲရှိရမည် ၊ နိုင်ငံတကာ နတ်တွေကိုလဲ သိရမည် ။
ဒိုင်ခံစရာ ကျပ်ငွေ အပိုရှိမှ အလျော်အစားမြိုင်သည် ၊ နိုင်ငံတကာ နတ်တွေကိုသိမှ ကျော်ကြားနိုင်သည် ။

၆) တောအရက်လဲ သောက်ရမည် ၊ ဟောချက်လဲပေါက်ရမည် ။
တောအရက်သောက်မှ ခံတွင်းသန့်ပြီး လျှောက်လည်ဟောနိုင်သည် ၊ ဟောချက်ပေါက်မှ သတင်းပျံ့ပြီးဖောက်သည်ပေါနိုင်သည် ။

၇) အပျော်ကိုလဲ ကြိုက်ရမည် ၊ စားတော်ကိုလဲ တိုက်ရမည် ။
အပျောက်ကြိုက်မှ အတွဲအသစ်ထားနိုင်သည် ၊ စားတော် တိုက်မှ အသည်းအမြစ်စားနိုင်သည် ။

၈) မြွေတောကိုလဲ ဖြတ်ရမည် ၊ ကြွေဟောကိုလဲ တတ်ရမည် ။
မြွေတောကိုဖြတ်မှ မြွေပြီးနိုင်သည် ၊ ကြွေဟောကိုတတ်မှ လေကြီးနိုင်သည် ။

၉)ဘူတာကတိုလဲ တစ်ရက်ကြိုပြေးရမည် ၊ လူတကာကိုလဲ မျက်နှာချိုသွေးရမည် ။
တစ်ရက်ကြိုပြေးမှာ သွားစရာ တီးကတ်ရသည် ၊ မျက်နှာချိုသွေးမှ စားစရာဖရီးနှက်ရသည် ။

၁၀) အကြွေးလဲ ဆန်ဆီ မကျန်ဖြဲရမည် ၊ အပြေးလဲ ချန်ပီယံ ဆွဲရမည် ။
ဆန်ဆီမကျန်ဖြဲမှ အမြတ်ထွက်ချေသည် ၊ ချန်ပီယံဆွဲမှ နတ်သက်ရှည်သည် ။

တတ်မှစားရသည်မဟုတ်ပါ ၊ နပ် လျှင်လဲ စားရပါသည်။
ငတ်မှလာဘ်မျှော်ဖြစ်သည် ၊ နပ်မှ နတ်ကတော်စစ်သည်။
လိပ်ပြာသိပ်မှ နတ်ကတော်ဖြစ်သည်မဟုတ်ပါ၊ ရိတ်စရာ ရိတ်လျှင်လဲ နတ်ကတော်ဖြစ်ပါသည် ။
ရေစင်သောက်မှဖြစ်သည်လဲမဟုတ်ပါ ၊ ရေသန့်သောက်လဲ ဖြစ်ပါသည် ။
လူလိုမှ နတ်လိုပါသည် ၊ အူစိုမှ အငတ်ပိုပါသည်။

( ၂၀၀၈ ဒီဇင်ဘာလ ထုတ် သောင်းပြောင်းထွေလာ ရယ်စရာ Magazine
စန်းဝင်းရှိန်(သမိုင်း)၏ ဦးလေးရှိန်က နတ်ကတော်လက်သစ် ဒေါ်ရွှေချစ်ထံပေး မေတ္တာစာမှ ကူးယူ ဖေါ်ပြခြင်းဖြစ်သည်။

08
Nov

ခွင့်

စာမေးပွဲ

စာမေးပွဲ

စာမေးပွဲ

စာမေးပွဲ

ရောက်လာပါတော့မယ်ရှင်…  ဒီဇင်ဘာ လဆန်းပိုင်းနဲ့ လအလယ်မှာ ဖြေဆိုရပါတော့မယ် !_!

ကြိုးစားနေပါတယ် အသဲအသန် ခဲမှန်ကို ကြိုးစားနေပါတယ်..

ဖုတ်ပူမီးတိုက်ကို ကြိုးစားနေပါတယ်.. ခေါင်းပူအောင်ကို ကြိုးစားနေပါတယ်..

ခေါင်းထဲကို အမှန်အကန် သွတ်သွင်းနေပါတယ်..း)

..

ဒါကြောင့် မိတ်ဆွေ သူငယ်ချင်း မောင်နှမ အပေါင်းအသင်းများရဲ့ အိမ်များကို လိုက်မလည်နိုင်လို့ ခွင့်လွတ်ကြပါနော်.. ခု မေကဆုန်ရဲ့ ရန်သူတွေ ဖြစ်နေတဲ့ facebook, gtalk, game (အထူးသဖြင့် facebook game ) တွေကို ဖြတ်လေးဖြတ်နဲ့ အကုန်ဖြတ်ထားပါတယ်..း) အဲလိုမှ မဖြတ်ရင် စာမေးပွဲက ကိုယ့်ကို ဖြတ်တော့မယ်လေ.. အဟင့်..
ဒီဇင်ဘာ ပိတ်ရက် ကျောင်းပိတ်ရက် အလုပ်ပိတ်ရက် ခရစ်စမတ်နဲ့ နယူးရီးယားမှာ ပြန်လည်ဆုံတွေ့ကြမယ်နော်.. အားလုံး ပျော်ရွှင် ဘောနပ်စ် များများ ၅လစာလောက် ရကြပါစေရှင်.. (မုန့်ဝယ်ကျွေူးနော်)

စာမေးပွဲ မေးခွန်းလည်း လွယ်ပါစေ.. ဖြေနိုင်ပါစေလို့ ဆုတောင်းပေးကြပါနော်.. တာမီးကိုးP

14
Oct

(ရန်ကုန်) အင်းလျား ဘူးသီးကြော် ရပါပြီရှင်….

ဒီနေ့ ကျောင်းကပြန်တာ စောတာနဲ့ cityhall ဝင်ဈေးဝယ် bedok ကိုသွား ထပ်ဈေးဝယ်ပြီး အိမ်ရောက်တဲ့ သကာလမှာ ဘူးသီးကြော် ကြော်စားဖြစ်တယ်လေ… စားချင်သွားတဲ့ အကြောင်းရင်းလေးလည်း ပြောပြဦးမယ်နော်.. မနေ့က burmeseclassic မှာ connection က အရမ်းကောင်းနေတာနဲ့ ” ရပ်ကွက်ထဲမှာ” ဆိုတဲ့ ဇာတ်ကား ကြည့်ရော… နိုင်းနိုင်းနဲ့ ခိုင်သင်းကြည်.. ဇာတ်လမ်းရဲ့ အဓိက နေရာက ချစ်စုမ(ခိုင်သင်းကြည်) ရဲ့ အကြော်တဲ.. အကြော်လာစားကြရင်း အတင်းပေါင်းစုံ ပြသာနာပေါင်းစုံနဲ့ ရယ်စရာ ဇာတ်လမ်းလေးပါ.. ကြည့်ရင်းနဲ့ သူတို့ စားတဲ့ ဗူးသီးကြော် ဆလတ်ရွက် အချဉ်ရေ … ကြည့်ရင်း ကြည့်ရင်းနဲ့ အရမ်းကို စားချင်လာတာလေ.. မေကဆုန် တယောက်တည်း စားချင်နေတာလားဆိုတော့ မဟုတ်.. အိမ်ဦးနတ်ကပါ စားချင်လို့ ပါးစပ်တပြင်ပြင် ဖြစ်နေပြီ..း)
.
အဲဒါနဲ့ ဒီနေ့ ဈေးဝယ်ပြီး ကြော်စားဖြစ်တယ်ပေါ့… ဒီလိုလေး စလှီးပါပြီ..
.

.

ယိုးဒယားမယ် အကြော်မှူန့်နဲ့ ရောနယ်

.

.

ဆလပ်ရွက် ( မေကဆုန်တို့ ၂ ယောက် တယောက် ၁ ဆိုင်ဆီက ဝယ်လာတာ တလွဲကြီး.. မုန်ညင်းဖြူတွေ..းD နောက်ဆုံး ဘေးအခန်းဖော် အစ်မကို မှာလိုက်မှ ဆလပ်ရွက် ရလာတယ် )

more…

13
Oct

ဖြစ်နေတာ….

ရင်ဘတ်ကြီး ပွင့်ထွက်သွားအောင် ပြောချင်နေတယ်….

ပြောချင်တာတွေ များလွန်းတော့ အစဆွဲထုတ်နေရတယ်….

အားမနာစတမ်းပေါ့….

ကိုယ့်ကြောင့် မဟုတ်ဘဲ တပါးသူကြောင့် စိတ်ညစ်နေရတယ်….

ငွေကုန်ကြေးကျ များစွာနဲ့….

ဘာမဟုတ်တဲ့ ပြောင်းလဲမှူလေး တခုနဲ့

ကိုယ် ဒုတိယတခါ နာကျင် ခံစား အပြီးမှာ

ပြောင်းလဲမှူကို ထပ်လုပ်လိုက်ရင် ကောင်းမယ်လို့ အတွေးနဲ့ပေါ့….

ပြသာနာမဖြစ်အောင် ရှောင်နေခိုက်

ပြသာနာဆိုတဲ့ လူတယောက်က ရှောင်နေရင်းနဲ့

ကိုယ့်ကို တည့်တည့်လာတိုးရင်း ” ဆောရီးနော်…” ဆိုတဲ့

စကားတောင် မဆိုဘဲ အသက်မရှိတဲ့ အပြုံးနဲ့ ထွက်သွားတော့တယ်…

အဲဒီအချိန်မှာ ကိုယ့်ရဲ့ အချိန် ငွေတွေနဲ့ ပေးထားရတဲ့ အရာတွေက

အသက်မရှိတဲ့ အပြုံးတချက်နောက် ကောက်ကောက်ပါ ခိုးရာလိုက်သွားပြီလေ…

.

.

.

ခု စိတ်တို ဒေါသထွက် စိတ်မရှည် စိတ်ညစ် စိတ်ပေါက်နေတာတွေကို နဲနဲ ပြေရာပြေကြောင်းလေး ရေးလိုက်တာပါ..

စိတ်ထဲ နဲနဲပေါ့သွားသလိုတော့ရှိသား …းD

လက်ကိုက် သက်သာလာပြီဖြစ်လို့ မကြာခင် အိမ်လည်ထွက်မည့်အကြောင်း သတင်းပေးအပ်ပါတယ်ရှင်..

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ..

09
Oct

ပညာရှိဆိုတာ….

ပညာရှိဆိုတာ….

ကောင်းတဲ့အကျိုးကိုပဲ တွေးတဲ့သူ
ကောင်းတဲ့အကျိုးကိုပဲ ပြောတဲ့သူ
ကောင်းတဲ့အကျိုးကိုပဲ ပြုမူတဲ့သူ

(ဆရာတော် ရဝေနွယ်(အင်းမ)၏ ရေးသားချက်မှ)

ကဲ ဒါဆိုရင် သင်ကော ???????

24
Sep

Sembawang Beach

Monday ပိတ်ရက်တုန်းက အစ်မတွေနေတဲ့ Sembawang သွားလည်တော့ ညနေဘက် ဘယ်ကိုခြေရှည်ရရင် ကောင်းမလဲလို့ စဉ်းစားတော့ မမက beach ကိုသွားမလားတဲ့… ဒီနားဘယ်ရှိမတုန်းဆိုတော့ မဝေးဘူး bus စီးသွားရုံပဲတဲ့… အို ကြာသလားလို့ ဂူးဂဲလ်မှာ ရှာလိုက်တော့ တွေ့ပါပြီ.. bus interchange ထဲကနေ 882 ကိုစီးလိုက်ရင် ၉ မှတ်တိုင်မြောက်ဆို ရောက်ပြီတဲ့.. ပြထားတဲ့ ပုံလေးတွေကလည်း လှတော့ ချက်ချင်း သွားဖြစ်သွားတယ်လေ… ဘတ်စ်ကားက မိနစ် ၂၀ ကို ၁စီးလောက်ရှိပါတယ်.. shuttle သဘောမျိုးပါ.. Sembawang mrt ကနေ ကမ်းခြေကို ၁၅ မိနစ်လောက်ပဲ ကြာပါတယ်..

မေကဆုန် ရိုက်လာတဲ့ ပုံလေးတွေကို တူတူကြည့်ကြမယ်နော်..

သဲသောင်ပြင်
ငါးမျှား သို့ ပုစွန်လုံး ကောက်မလား?

more…